Heartbreak Hotel Part- 5

424 48 5
                                    

#unicode

"Hey Minjeongie ...."

"Yes...."

Minjeong ရေချိုးခန်းထဲ သွားတိုက်နေရင်း Jimin ခေါ်တာကို ပြန်ထူးလိုက်သည်

"ငါ့ သူငယ်ချင်းကို ဒီတိုက်ခန်းလေးဆီ ခေါ်ကြွားချင်လို့ရလား "

"ရတာပေါ့ "

"ဒါဆို သူ့ဆီဖုန်းဆက်လိုက်မယ်နော် "

"Ok ok "

Minjeong ဆီက ခွင့်ပြုချက်ရလို့ Jimin သူမ သူငယ်ချင်းဆီ ဖုန်းဆက်လိုက်သည်

"Hello "

"Hey Soo Hee ငါပါ Jimin...ငါ့ ချစ်ချစ်က နင့်ကို အိမ်လာလည်လို့ရတယ်လို့ ခွင့်ပြုလို့ လှမ်းဆက်တာ "

"Ok ငါ လာလည်မယ် လိပ်စာပို့လိုက် "

"Message ပို့လိုက်မယ်နော် "

"Ok...."

Soo Hee နဲ့ ဖုန်းပြောပြီးနောက် Jimin သူမရဲ့ တိုက်ခန်းအသစ်လေးကို စတင်ရှင်းလင်းပါတော့သည်

"Jimin ah အကူအညီလိုသေးလား "

ရေချိုးခန်းထဲကထွက်လာတဲ့ Minjeongရဲ့ မေးခွန်းကို Jimin ခေါင်းခါပြပြီး ငြင်းလိုက်သည်

Minjeong လည်း သူ့အခန်းထဲ ဝင်သွားရော Jimin ဗိုက်အောင့်လာလို့ သူမရဲ့ ဗိုက်ကို ကိုင်လိုက်သည်

"Minjeongက ကလေး မချစ်တတ်ဘူး............"

Ding Dong......

Bellတီးသံကြောင့် Jimin တံခါးသွားဖွင့်တော့ သူမရဲ့ သူငယ်ချင်း Soo Hee......

"Oh Soo Heeမတွေ့ရတာ ဘယ်လောက်တောင် ကြာသွားပြီလည်း "

Jimin ပျော်ပြီး သူမရဲ့သူငယ်ချင်းကို ပြေးဖက်လေသည်

"သုံးလေးလလောက် ရှိပြီ "

"Come in....."

Jimin သူမရဲ့ သူငယ်ချင်းကို အိမ်ထဲဝင်ဖို့ ခေါ်လိုက်သည်

Soo Hee တိုက်ခန်းကို တစ်ချက်ကြည့်လိုက်တော့ သူမ သူငယ်ချင်း Jiminရဲ့ စိတ်ကူးထဲက ပုံစံလေး ဖြစ်နေလို့ ဝမ်းသာပီတိဖြစ်နေသည်

အခန်းထဲကနေ Jacket အနက်ရောင်လေးဝတ်ထားပြီး ဆံပင်ငွေရောင်ဆိုးထားကာ နားကပ်အနက်ရောင် ပန်ထားသော ကောင်မလေး တစ်ယောက် ထွက်လာတာ ကြည့်ပြီး Soo Hee တစ်ယောက် ရင်သပ်ရှုမော ဖြစ်နေသည်

Winrina Short stories Where stories live. Discover now