Heartbreak Hotel Part 1

1K 67 4
                                    

#Unicode

Note - ဒီ Ficလေးက ကျနော်ရေးထားတဲ့ Taeny Versionကို Winrina Verလေး ပြောင်းရေးထားခြင်း ဖြစ်ပါသည်။

သူမရဲ့ ခံစားချက်တွေက ဗလာဖြစ်နေတယ်

သူကတော့ အမြဲတမ်း ကစားစရာအသစ်ရနေလို့ ဗလာဖြစ်နေတဲ့ ခံစားချက်မျိုး မရှိခဲ့ဘူး

သူမကတော့ တစ်စုံတစ်ခုကို ဆုပ်ကိုင်ထားချင်တယ်

သူကတော့.....အမြဲတမ်း လွှတ်ချနေခဲ့တယ်

ဘယ်လိုဘဲ ဖြစ်နေနေ သူတို့နှစ်ယောက်လုံးက အရက်စက်ဆုံး သူတွေပါဘဲ

#HeartbreakHotel

ဆိုးလ်မြို့ထဲက လမ်းငယ်လေးထဲ အသက်ငယ်ငယ် မိန်းမပျိုလေးတစ်ယောက် သူမကို ကယ်တင်ဖို့ တစ်စုံတစ်ခုကို လိုက်ရှာနေလေရဲ့

Bar တစ်ခုကို တွေ့တဲ့အခါကျ တွေဝေခြင်းမရှိဘဲ အရက်နံံ့တွေနဲ့ သီချင်းသံတွေ ဆူညံနေတဲ့ Barထဲ ဝင်သွားသည်

သူမ barထဲလည်း ရောက်ရော Barထဲက ယောင်္ကျားသားတွေရဲ့ အကြည့်က သူမဆီ ရောက်ကုန်ကြသည်

သူမ ထိုယောင်္ကျားတွေရဲ့ အကြည့်ကို မသိသလိုနေရင်း Barထောင့်စွန်းက ဆေးလိပ်ဖွာနေတဲ့သူတစ်ယောက်ကို သတိထားမိသွားသည်

အသားဖြူဖြူ အရပ်ပုပုနဲ့ မိန်းကလေးတစ်ယောက်.....ဆံပင်ကလည်း တိုတိုလေးနဲ့ ခဲရောင်ဆိုးထားသေးသည်

..စီးကရက်ကို ပါးစပ်မှာ တေ့ပြီး မီးခြစ်နဲ့ခြစ်ကာ ဆေးလိပ်ဖွာပုံမှာ မိန်းကလေး ဖြစ်နေရက်တောင် ကြည့်ကောင်းနေသည်......

ထိုမိန်းကလေးနဲ့ သူမ အကြည့်ချင်းဆုံသွားတဲ့အခါ..........ထိုမိန်းကလေးရဲ့ စူးရှတဲ့အကြည့်တွေကို ရင်မဆိုင်နိုင်တာနဲ့ အကြည့်လွှဲပြီး နောက်ပြန်လှည့်ချိန်........ဝိတ်တာ တစ်ယောက် ယူလာတဲ့ ဗန်းပေါ်က ဝိုင်ခွက်ကို တိုက်မိပြီး ဝိုင်ခွက် ကျကွဲသွားလေသည်

#ခွမ်း.....

"Miyanhae"

သူမ ခန္ဓာကိုယ်ကို ညွှတ်ကွေးပြီး ဖန်ခွက်ကွဲစတွေကို ကောက်မယ်လုပ်တော့ တစ်ယောက်ရောက်လာပြီး သူမကို တားသည်

Winrina Short stories Tempat cerita menjadi hidup. Temukan sekarang