Sorry

587 49 1
                                    

#unicode

မင်း ငါ့အတွက် ဖြစ်စေရမယ့်
ငါ့ရဲ့ တောင်းဆု
ဘယ်တော့မှ မပြောင်းဘူး
အရာရာကိုလေ နင်ဟာ
ဖျက်စီးလို့ သွားခဲ့သူ   

Winter သတိရလာပြီး မျက်လုံးနှစ်လုံးပွင့်လာတော့ သူမ မရင်းနှီးတဲ့နေရာကိုရောက်နေမှန်း သိလိုက်ရသည်

ထို့အပြင် သူမတစ်ကိုယ်လုံးကို ကြိုးနဲ့ချည်နှောင်တုပ်ခံထားရမှန်း Winter သတိထားမိသွားသည်

Winter ဘာတွေဖြစ်ခဲ့လည်းဆိုတာ သတိရဖို့ ကြိုးစားနေတယ်

အမ...ဟုတ်တယ်.... အမနဲ့တွေ့ပြီး စကားပြောရင်း သူမ သတိမေ့သွားခဲ့တာ....

အမက သူမနေတဲ့ ဘူဆန်ကို ရောက်နေတယ် ခဏထွက်တွေ့ပါလို့ ဖုန်းဆက်လို့...စာတွေဆက်တိုက်ပို့လို့ Winter အမကို မုန့်ဆိုင်မှာ သွားတွေ့ခဲ့တာ.....

အမနဲ့ စကားပြောရင်း....မုန့်စားရင်း Winter သတိမေ့သွားခဲ့တာ....

"အမ ငါ့ကို ဘာလုပ်ခဲ့တာလည်း "

စိတ္တဇဆန်ဆန် သီချင်းသံတွေကြားမှာ Winter တစ်ယောက် တုပ်နှောင်ခံရတဲ့ ကြိုးတွေကြားက လွတ်ဖို့ ကြိုးစားနေသည်

ထိုစဥ် စီးကရက်အနံ့တွေနဲ့အတူ သူမဆီလျှောက်လာတဲ့ ခြေသံတစ်ချို့ကို Winter ကြားလိုက်ရသည်

"Winter​......... အမ မင်းကို အပြစ်မပေးချင်ဘူးနော်...ငြိမ်ငြိမ်နေစမ်း.... ..."

Karinaရဲ့ ကွဲအက်အက်အသံနဲ့ သတိပေးစကားကြောင့် Winter ငြိမ်ကျသွားတယ်

"အဟွတ်....အဟွတ်.....ကျစ်....."

စီးကရက်ကိုဖွာရင်း အခန့်မသင့်လို့ သီးကုန်သည်

Karina စိတ်မရှည်တဲ့မျက်နှာနဲ့ စီးကရက်တောင့်ကို မြေကြီးပေါ်တွင်ချပြီး နင်းချေလိုက်သည်

"မင်းထပ်ပြီး ရုန်းနေအုံးမယ်ဆိုရင် အမ မင်း နှုတ်ခမ်းကိုဆွဲကိုက်ပစ်မှာနော် မင်းကိုတောင် ပြန်ပေးဆွဲလာတဲ့ ဒီအမက မလုပ်ရဲတာ ဘာမှမရှိတော့ဘူး "

"ညီမကို လွှတ်ပေးပါလား...​ညီမတို့ အေးဆေးစကားပြောကြမယ်လေ "

Winterရဲ့ စကားကြောင့် Karina ဟက်ခနဲရယ်လိုက်သည်

"အော် Winterရယ် ထွက်ပြေးမှာဆိုးလို့ မင်းရှိရာထိလိုက်လာပြီး ခေါ်ပါတယ်ဆိုမှ လွှတ်ပေးရမှာလား No No မလွှတ်ပေးဘူး Winter မင်းကို အမက တစ်သက်လုံး ဖမ်းချုပ်ထားမှာ "

You've reached the end of published parts.

⏰ Last updated: Jan 05, 2022 ⏰

Add this story to your Library to get notified about new parts!

Winrina Short stories Where stories live. Discover now