Chapter Zero

1.7K 143 6
                                    

" ဂျဲနို .. ငါရေခဲမုန့် စားချင်တယ် "

အတူတူ ဈေး၀ယ်ထွက်နေရင်း ယှက်ထားတဲ့ လက်တစ်စုံကို ဖြုတ်ပြီး သူက အဲ့ဒီလို ပြောတော့ ဂျဲနို က ပြုံးတယ် ။
ပြီးတော့ သူ့ဆံပင်တွေကို သဘောတကျ ဖွတယ် ။

" မင်းက ကလေးလေးလား .. မုန့်စားချင်တာနဲ့ တွဲထားတဲ့ လက်ကို ဖြုတ်ရအောင် "

" ဒါပေမယ့် ငါ့မှာ ဆိုးစရာက မင်းပဲရှိတာကို "

မျက်လုံးလေးတွေက လခြမ်းသဏ္ဍာန်ပေါ်တဲ့အထိ ကွေးညွတ်ကျအောင် ပြုံးပြီး ရယ်သံလေးပါ ထွက်လာတဲ့ ဂျဲနိုရဲ့လက်တွေက ဂျယ်မင်းရဲ့ဆံပင်တွေပေါ်မှာ ရှိနေတုန်းပဲ ။

" ဆံပင်တွေ ပွကုန်တော့မယ် "

" ခဏလေးနေဦး .. ငါ သွား၀ယ်ပြီး ပြန်လာခဲ့မယ် "

" အွန်း ! "

သူ့ကို ထိုင်ခုံတစ်နေရာမှာ ထိုင်ခိုင်းပြီး ထွက်သွားတဲ့ ဂျဲနိုရဲ့ နောက်ကျောပြင်ကို ဂျယ်မင်းက ငေးကြည့်နေမိတယ် ။

ခုနက ရယ်သံလေး ၊ ပြီးတော့ ပြုံးရယ်မှုတွေ ..
အဲ့တာတွေကို ဂျယ်မင်း ပြန်ကြားရတာ ဘယ်လောက်မှ မရှိ‌သေးဘူး ။
ဒီငါးလလောက် အတွင်းမှာ လွန်ခဲ့တဲ့ ငါးနှစ်အတွင်းက ဂျဲနိုရဲ့ ပုံစံကို မနည်းပဲ ပြောင်းလဲ‌ပေးပစ်ခဲ့ရတာ ။

အဲ့ဒီနောက်ကျောပြင်ကိုကလည်း အရင်တုန်းက သူအမြဲတမ်း ငေးကြည့်နေခဲ့ရဖူးတယ် ။
သူ့အနားကနေ ဂျဲနိုက ထွက်သွားတိုင်း ၊ သူ့ကို ကျောခိုင်းသွားတိုင်းမှာ သူက ပြုံးပြီး နှုတ်ဆက်ခဲ့ရတဲ့ အချိန်တွေကို အမှတ်ရတယ် ။

လောကကြီးထဲမှာ ဘာကို အကြောက်ဆုံးလဲလို့ မေးလာရင် ဂျယ်မင်းက ပြန်ဖြေဖြစ်မှာ .. ဂျဲနို သူ့ကို ထားသွားမှာကို ဆိုပြီး ။ ဒါပေမယ့် အဲ့ဒီအဖြေရဲ့ နောက်မှာ အဖြေကွဲတွေ အများကြီးရှိတယ် ။
အထူးသဖြင့် အဲ့ဒီကိစ္စကို သူတွေးပြီး အကြောက်နေမိဆုံးပဲ ။
ဂျဲနိုကို သူက ပိုင်ဆိုင်နေရတာဆိုပြီး တွေးမိချိန်တိုင်းမှာ တစ်စုံတစ်ယောက်က သူ့အတွေးတွေထဲ ၀င်ပြီး ခြောက်လှန့်နေလေ့ရှိတယ် .. အခုထိ ။

ဒီဈေး၀ယ်စင်တာထဲမှာ လူတိုင်းနီးပါး လှုပ်ရှားနေကြတယ် ။
သူကတော့ အတွေးတွေနဲ့ ငြိမ်သက်နေမိတာပဲ ။
ဂျဲနိုရဲ့ ကျောခိုင်းသွားတဲ့ ပုံရိပ်လေးကအစ သူ့ကို အတွေးတွေ ဒီလောက် များစေနိုင်တယ် ။

비밀 , 약속 , 거짓말 || NoMinWhere stories live. Discover now