Chapter Five

771 109 7
                                    

တစ်ကြိမ်တစ်ခါလောက်ဖြစ်ဖြစ် ငါ့ကိုရွေးချယ်ဖို့ မင်းကြိုးစားကြည့်ခဲ့ဖူးလား ဂျဲနို ။

..............................

သစ်ပင်ပေါ်မှာ မကြွေချင်လို့ တွယ်ကပ်နေခဲ့တဲ့ သစ်ရွက်ကလေးက လေပြင်းတစ်ချက် အဝှေ့မှာ ကုပ်တွယ်ထားခဲ့သမျှ ပျက်စီးလို့ အဝေးကြီးကို လွင့်ထွက်သွားရှာတယ် ။

မခြောက်သေးပေမဲ့ အရောင်ပြောင်းချင်နေတဲ့ သစ်ရွက်ကြွေလေးတွေ အများကြီးမှ တကယ်ကို အများကြီးပဲ ။

ဆောင်းလေအေးလေးက ခပ်ပြင်းပြင်းတိုက်ခတ်လာတာ သူ့ဆံစတွေ ကလူ၏မြူ၏ ဝေ့ဝဲနေတဲ့အထိ ။
သူက ထိုင်နေတဲ့နေရာကနေ တစ်ချက်လေးတောင် မရွေ့မိသလို သူ့ကိုတိုက်ခတ်နေတဲ့ လေအေးပြင်းပြင်းတွေကလည်း တစ်ချက်မှ အားမလျှော့ခဲ့ကြဘူး ။

" ဘာပြောမလို့လဲ ဂျယ်မင်းနီ "

အသံလာရာကို မျက်နှာလေးတစ်ချက်တောင် မော့မကြည့်ဖြစ်ခဲ့ဘူး ။ သူ့အရှေ့က သစ်ရွက်ကြွေတွေကို ငေးကြည့်နေရင်း စိတ်တွေက အဲ့ဒီဆီမှာ ။
ထိုင်ခုံဘေးနေရာက တစ်ယောက်ယောက်ထိုင်လိုက်တဲ့အသိ ရှိလာတဲ့အထိ ဂျယ်မင်းက အဲ့ဒီလူကို လှည့်မကြည့်ချင်ခဲ့ဘူး ။

" ငါသိနေတဲ့ တချို့ကိစ္စတွေ မပြောဘဲနေလို့ ဖြစ်ရဲ့လား "

တိတ်ဆိတ်နေတဲ့ လေထုမှာ အဲ့ဒီဝေ့ဝဲနေတဲ့ သစ်ရွက်ကြွေတွေကိုပဲ သူတို့က အာရုံထားနေမိတယ် ။

" ဟင် .. ယူဂျင်း "

တစ်ဖက်မိန်းကလေးက မထူးဆန်းသလို ၊ သူမျှော်လင့်ထားပြီးသလို ၊ ဂျယ်မင်းမသိနားမလည်ခဲ့ဖူးတဲ့ အေးစက်စက်အကြည့်တွေနဲ့ သူ့ကိုကြည့်လာတော့ ဂျယ်မင်းက စိတ်ထဲကနေ ပြုံးမိတယ် ။

ကြောက်ရွံ့တုန်လှုပ်သွားမဲ့အထိတော့ မတွေးခဲ့မိပေမဲ့ နည်းနည်းလေးတောင် တွန့်ဆုတ်မသွားတဲ့ယူဂျင်းက  တုန့်ပြန်တဲ့နည်းလမ်းနှစ်ခုမှာ ဒုတိယတစ်ခုကို ရွေးချယ်ခဲ့တာပဲ ။

" ဘာရယ်မဟုတ်ပါဘူး ဒီအတိုင်း ဟိုတစ်နေ့က လမ်းလျှောက်ထွက်ရင်း တွေ့ခဲ့မိတာ ။ ပြောရရင် အံ့ဩသွားတယ်ပေါ့ ဒီလောက်ပါပဲ "

비밀 , 약속 , 거짓말 || NoMinWhere stories live. Discover now