Chapter Seven

742 101 7
                                    

ယူဂျင်း ခရီးထွက်သွားတဲ့နေ့က ဂျဲနိုရော ဂျယ်မင်းရောက အလုပ်မသွားဘူး ။

ဂျဲနိုက ဂျယ်မင်းကို တစ်နေ့လုံး ဖက်ထားလို့ ဂျယ်မင်းကလည်း အပြုံးသေးသေးလေးတွေနဲ့ ရုပ်ရှင်‌ကြည့်ခဲ့ကြတယ် ၊ မုန့်အတူတူလုပ်ပြီး ဟင်းလည်းအတူတူချက်ခဲ့ကြသေးတယ် ။

အပြင်စာတွေ ခဏခဏစားရ‌ခဲ့ပြီး အကြာကြီးနေမှ ဂျယ်မင်းရဲ့လက်ရာကိုစားရတော့ ပိုကောင်းလာတယ်လို့တောင် ခံစားရသလိုပဲ ။

" ဈေးကြီးတဲ့ ထမင်းဟင်းတွေထက် မင်းလက်ရာက ပိုကောင်းတယ် "

" မင်းစားနေတာ ပုစွန်တုပ်ဆိုတာ ထည့်ပြော ။
ဈေးကြီးတာပဲလေ "

ဂျယ်မင်းက သူ့ကို ထေ့ငေါ့ပြောတော့ ဂျဲနိုမှာ ပြုံးမိရပါတယ် ။
ဒီလို ထေ့ငေါ့ပြောတာက ချစ်စရာလေးဖြစ်ပြီး ၊ ရွဲ့စောင်းနေတဲ့ သူနားမလည်ခဲ့တဲ့မျက်၀န်းတွေနဲ့ ဂျယ်မင်းက အခုတော့ ပျောက်ကွယ်သွားတဲ့ပုံပဲ ။

" မင်းက ချစ်စရာကောင်းတယ် နာဂျယ်မင်း "

" အခုမှ သိတာ မင်းကန်းနေလို့လေ "

" ငါ မကန်းနေခဲ့ပါဘူး "

" စကားမပြောနဲ့ စားတော့ "

ဂျယ်မင်းက ဂျဲနိုဆက်ပြောလာမဲ့ စကားတွေကို မကြားလို ။
ဒီအတိုင်း သူက ‌သူပျော်မယ်ဆိုတဲ့ဆုံးဖြတ်ချက် ချထားမိတုန်းမှာ ရသလောက် ပျော်ချင်တဲ့သူပဲဖြစ်တယ် ။

ယူဂျင်းမရှိတဲ့ ဒုတိယတစ်ရက်မှာတော့ သူတို့အလုပ်သွားကြတယ် ။ သူ့အလုပ်အောက်မှာ ညနေစောင်းတော့ ရောက်နေပြီး လာစောင့်တဲ့ဂျဲနိုက ဂျယ်မင်းကို ပြေးဖက်တော့ အလုပ်ကလူတွေအကုန် ဝိုင်းကြည့်ကြသေးတယ် ။

ပြုံးရယ်နေတဲ့ ဂျဲနိုက သူ့ပျော်ရွှင်မှုတွေကို တဖန်ပြန်တွေ့သွားသလိုမျိုး ။

အဲ့ဒီညက သူတို့တွေ ညဈေးတန်းတစ်ခုကို လျှောက်လည်ကြတယ် ။
ဆောင်းလေက သိပ်ကိုအေးတယ် ၊ ညဘက်တိုက်တော့ အသည်းတွေ ခိုက်ခိုက်တုန်မတတ်ပဲ ။

မာဖလာတစ်ထည်ကို တွေ့တဲ့ဆိုင်မှာ ဆွဲ၀ယ်ပြီး ဂျဲနိုက ဂျယ်မင်းကို ပတ်ပေးတော့ ဂျယ်မင်းက ရုပ်တည်ကလေးနဲ့ ။

비밀 , 약속 , 거짓말 || NoMinWhere stories live. Discover now