Chapter Three

804 113 11
                                    

" ပြန်ရောက်လာပြီလား "

အိမ်ထဲကို ၀င်လိုက်တာနဲ့ ဆို‌ဖာပေါ်မှာထိုင်ပြီး ရုပ်ရှင်ကြည့်နေတဲ့ ယူဂျင်းက သူ့ကိုနှုတ်ဆက်လာတယ် ။
တစ်ချက်ကလေးပဲပြုံးပြပြီး အခန်းထဲ၀င်မလို့ ပြင်လိုက်တဲ့ ဂျယ်မင်းက ဆောယူဂျင်းကို နှစ်ယောက်တည်း စကားပြောချင်စိတ် သေးသေးလေးတောင် ရှိမနေဘူး ။ ဒါပေမဲ့ ..

" ဂျဲနိုရော "

" ညနေစာ သွား၀ယ်တယ်တဲ့ "

" အော် "

အရာအားလုံးက ဂျဲနိုနဲ့ ဆက်စပ်နေခဲ့တာတွေ ။
သူမုန်းသင့်တဲ့ အရာတွေ ။

အခန်းထဲမှာ လွယ်အိတ်ကို ပစ်ချပြီး ကုတင်ပေါ်ပက်လက် တက်လှဲမိရင်း သက်ပြင်းသဲ့သဲ့ကို အရင်ချမိတယ် ။
ဒါက ဆောယူဂျင်း သူတို့အိမ်ပေါ်ရောက်လာတာ သုံးရက်မြောက်တဲ့နေ့ ။

ဂျဲနိုကို သူက မျက်နှာချင်းမဆိုင်တာ သုံးရက် ။
ဂျဲနိုကို သူကမုန်းတီးနေခဲ့တာ သုံးရက် ။
ဂျဲနိုစိတ်ကို ဒုက္ခပေးဖို့ အတွေးတွေ တွေးနေတတ်ခဲ့တာ သုံးရက် .. သုံးရက်ရှိ‌ခဲ့ပြီဖြစ်တယ် ။

" နာဂျယ်မင်း "

အခန်းတံခါးခေါက်သံ လေးချက်ဆင့်အပြီးမှာ တစ်ဖက်ကခေါ်သံကို သူကကြားရတယ် ။
အခန်းအပြင်ကလူက နှစ်ယောက်မရှိတဲ့ ဂျဲနိုပါပဲ ။

တံခါးကိုသွားဖွင့်တော့ နောက်တစ်ခေါက် ထပ်ပြီး တံခါးခေါက်မလို့ ပြင်နေ‌တဲ့ ဂျဲနိုလက်က လေထဲမှာပဲ ရှိသေးရဲ့ ။

" ဘာလဲ "

ခပ်ပြတ်ပြတ်စကားသံက ဂျဲနိုကို ဘယ်လို ထိတ်လန့်သွားစေပါသလဲ .. ဒါမှမဟုတ် အချစ်မပါတော့တဲ့ အကြည့်စူးစူးတွေကလား .. ဂျဲနိုက ထူးဆန်းသလို သူ့ကို ကြည့်နေခဲ့တယ် ။

" ထမင်းစားဖို့ လာခေါ်တာ "

" ငါ့ဘာသာ အပြင်ထွက်စားလို့ရတယ် "

" သုံးယောက်စာ ၀ယ်လာလို့ "

" ငါက မင်းနဲ့ ဘယ်လို သက်ဆိုင်လို့လဲ ဂျဲနို ။
ဒါမှမဟုတ် ငါက မင်းနဲ့ တွဲခဲ့ကြတဲ့ဆက်ဆံရေး‌ဆိုတာ မင်းရည်းစားလေးကို အသိပေးလိုက်ချင်လို့လား "

비밀 , 약속 , 거짓말 || NoMinWhere stories live. Discover now