Chapter Six

752 96 12
                                    

ဂျယ်မင်းက ဂျဲနိုကို စောင့်နေခဲ့တယ် အတော်ကြာကြာ ..။
ဖုန်းတစ်ကောလ်ကို လက်ခံရရှိရင်း တစ်စုံတစ်ယောက် ထွက်သွားတဲ့တံခါးဟာ အဲ့ဒီအတိုင်းလေး ရှိနေခဲ့တာ ။

ယိုင်နဲ့နဲ့ ယုံကြည်ချက်တွေက ပျက်စီးသွားခဲ့လေသလား ..
သူက ဆောယူဂျင်းကို တစ်ကြိမ်တစ်ခါမှာမှ မယှဉ်နိုင်တဲ့သူ ဖြစ်ခဲ့တာလားဆိုတာ တကယ်ကို ကသိကအောက် ဖြစ်စရာ ။

ဂျဲနိုက အစွဲအလမ်းကြီးနေတဲ့ ခပ်တုံးတုံး လူတစ်ယောက်လို့ သမုတ်ဖို့ ကြိုးစားမိတဲ့အချိန်မှာ အဲ့ဒီလူကို မချစ်တော့ပါဘူးဆိုရင်း အဲ့ဒီလူ အနားကို တွယ်ကပ် ၊ အဲ့ဒီလူကို သူ့ဘက်ပါအောင် စည်းရုံးသွေးဆောင်ခဲ့တဲ့ ဂျယ်မင်းက ဘယ်လိုလူမျိုး ဖြစ်မလဲ ကိုယ့်ဘာသာ ပြန်တွေးမိတော့တာပါပဲ ။

ဆိုဖာပေါ် ထိုင်လျက်သား မလှုပ်မယှက်နဲ့ အဲ့ဒီအတိုင်း နာရီ၀က်ကျော်ကြာအောင် ထိုင်ရင်း ဂျယ်မင်းရဲ့ အတွေးတွေက တောင်ရောက်မြောက်ရောက် ။

လမ်းခွဲတယ်ဆိုတာက လက်ထပ်ထားသလို မဟုတ်ဘူး ။
လူနှစ်ယောက်ကြားက ဆက်ဆံရေးတစ်ခု ပြတ်ဆဲလိုက်ဖို့ နှစ်ဦးသဘောတူတာရော ၊ စာရွက်စာတမ်းတွေပါ မလိုခဲ့ဘူး ။
သူတို့ရဲ့ ဆက်ဆံရေးက ပြီးပြတ်သွားခဲ့တာ ဂျဲနိုရဲ့ လမ်းခွဲစကားတွေမှာကတည်းက ။

အခု သူတို့ကဘာလဲ ..
သူ့ကို လှည့်မကြည့်နိုင်အားလောက်တဲ့ ရည်းစားဟောင်းနဲ့ ခံစားချက်တွေထက် ခန္ဓာကိုယ်နှစ်ခုကို အသုံးချပြီး နီးကပ်နေဖြစ်ခဲ့တာမျိုးလား ။

လေထုထဲကို ရောက်လာတဲ့ သက်ပြင်းတစ်ချက်က အသံတိုးဖျဖျပဲထွက်လာပြီး ပျောက်ကွယ်သွားတယ် ။
ဂျယ်မင်းအပေါ်မှာရှိတဲ့ သူ့ရည်းစားဟောင်း ဂျဲနိုရဲ့ ခံစားချက်တွေလိုမျိုးလားပဲ ..။

ဆုံးဖြတ်ချက်တစ်ခုကို ချဖို့ တုံ့ဆိုင်းမနေတော့ဘူး ။
ပြောရရင် ဒါက ဟိုးအရင်တည်းက သူ့အစီအစဉ်တစ်ခုပဲ ဆိုပေမဲ့ နည်းနည်းလေး ပြောင်းလဲသွားတာက ဂျဲနိုကို ဂျယ်မင်းက ဒီထက်ပိုပြီး နှောင့်ယှက်ဖို့မရှိတော့ဘူး ။

ဆိုဖာပေါ်ကနေ မတ်မတ်ထရပ်တော့ ယိုင်သွားတော့မလို ခြေထောက်တွေက ထုံ‌ကျဉ်နေခဲ့တာ ။
ရပ်တန့်သင့်ပြီ ထင်ပါရဲ့ .. ဂျဲနိုက သူ့ကိုမရွေးချယ်လည်း သူ့စိတ်တွေက အဲ့ဒီလူကြောင့် ပင်ပင်ပန်းပန်း နာကျင်နေရတာတွေ တော်သင့်ပြီ ထင်ပါရဲ့လေ ..။

비밀 , 약속 , 거짓말 || NoMinWhere stories live. Discover now