Chapter Four

849 97 12
                                    

" ဂျယ်မင်းနီ "

သူ့အခန်းထဲမှာ မနေဘဲ ဧည့်ခန်းထဲမှာ အလုပ်ထိုင်လုပ်နေတဲ့ ဂျယ်မင်းကို အိမ်ခန်းရှေ့ အမှိုက်ထုပ် ထွက်ထားရင်း အခန်းထဲ၀င်လာတဲ့ ယူဂျင်းက ခေါ်တယ် ။
ထမင်းစားခန်းထဲက ဂျဲနိုက ဂျယ်မင်းကို ငေးစိုက်ကြည့်နေခဲ့တာ တော်တော့်ကိုကြာပြီး ယူဂျင်းရဲ့ အသံကြားမှ သတိပြန်ကပ်လာတော့တာပဲ ။

ခေါင်းကိုခါရင်း ရေခဲသေတ္တာကို အကြည့်ပြန်ပို့လိုက်ပေမဲ့ ဂျဲနိုရဲ့ အာရုံတွေကို ယူဂျင်းပြောလိုက်တဲ့ စကားနဲ့ ပြလိုက်တဲ့ပစ္စည်းတစ်ခုက ဖမ်းစားသွားတယ် ။

" ဒါ ငါတို့အရင်က ဆင်တူ၀ယ်ဖူးတဲ့ ဘောပင်လေးမလား ။
အခန်းရှေ့ကို အမှိုက်တွေလာမသိမ်းခင် အမှိုက်တွေထဲမှာ ဒါတွေ့လိုက်လို့ "

ဂျယ်မင်းက ပန်းရောင်ဘောပင်လေးကိုကြည့်လိုက်ပေမဲ့ မျက်နှာလေးတစ်ချက်တောင် ပျက်ယွင်းသွားဟန်မရှိဘူး ။ ပြုံးပြုံးလေး ဒီအတိုင်း ..။

" ဟုတ်တယ် ယူဂျင်းနီး ။ ဘောပင်က ဘောစိကြွေသွားတာထင်တယ် ။ ငါရေးမရတော့လို့လေ "

ဂျဲနိုက အောင့်သက်သက်ပါပဲ ။ အဲ့ဒီဘောပင်ကို သုံးယောက်ဆင်တူဆိုပြီး၀ယ်ခဲ့တာက ဂျဲနိုမို့ ပိုပြီး ခံစားရခက်တယ် ။
အဲ့ဒီဘောပင်က ဒီအတိုင်း အလကား ၀ယ်လို့ရခဲ့တာ မဟုတ်ဘူး ..။

ပုံစံအဆန်းလေး Limitedဆိုပြီး ထုတ်ထားတာကို သဘောကျလို့ သူက သုံးယောက်ဆင်တူ ၀ယ်ခဲ့ဖူးတာ ။
ပြီးတော့ လွယ်လွယ်ရှာလို့ရတဲ့ ဘောပင်လည်းမဟုတ်ဘူး ။
အဲ့ဒီအချိန်က အချောင်းတစ်ရာလောက်ထဲကနေ သုံးချောင်းကိုသူက ၀ယ်လာခဲ့တာ ။

" ဒီအတိုင်းလေး ဘာလို့ လွှင့်ပစ်လိုက်တာလဲ ဂျယ်မင်းရ ။
သိမ်းထားလို့ရတာပဲကို "

" ငါ့အတွက် အသုံးမလိုတော့ဘူးထင်လို့ ။
သိမ်းထားလည်း အပိုပဲလေ .. အသုံးမှမ၀င်တာ ။ နေရာရှုပ်တာပဲ အဖတ်တင်မှာပေါ့ "

ဂျယ်မင်းက သိတယ် .. ဒီစကားတွေဂျဲနိုကြားနေမှန်းလည်း သိတယ် ။
မတတ်နိုင်ဘူး .. သူက ဂျဲနိုကို သိစေချင်တယ် ။
ဂျဲနိုကလည်း အဲ့ဒီဘောပင်လို သူ့အတွက် အသုံးမလိုတော့ဘူးဆိုတာကို ။

비밀 , 약속 , 거짓말 || NoMinWhere stories live. Discover now