Chapter One

862 130 10
                                    

" ယူဂျင်းနီးက ဘယ်အရောင် လိုချင်တာလဲ "

ဘောပင်သုံးချောင်း ၀ယ်လာတဲ့ ဂျဲနိုက ဂျယ်မင်းရယ် ယူဂျင်းရယ် ရှေ့မှာ ယူဂျင်းကို အရင်မေးတယ် ။

အပြာရောင် နှစ်ချောင်းနဲ့ ပန်းရောင်တစ်ချောင်းက စီစဉ်ပြီး ၀ယ်ထားခဲ့တာလား ထင်ခဲ့ပေမယ့် တစ်ခဏပါပဲ ။
ဂျဲနိုနဲ့ ဆင်တူကိုင်ချင်လို့တဲ့ .. ဆောယူဂျင်းက အပြာရောင်လေးကို ရွေးသွားတယ် ။

ရွေးချယ်မခံရတဲ့ ပန်းရောင်ဘောပင်လေးက သူ့လက်ထဲ ရောက်လာတော့ သူနာနာကျင်ကျင် ပြုံးမိလိုက်ပါတယ် ။

// ဟိုင်း .. ပန်းရောင်လေး ။
ရွေးချယ်ခဲ့တဲ့လူ မတူပေမယ့် ရွေးချယ်မခံရတာချင်းတော့ ငါတို့က တူတယ် //

ပန်းရောင်ဘောပင်လေးကို ခဏလောက် စိုက်ကြည့်နေပြီးတော့ လွယ်အိတ်ထဲကို ထည့်လိုက်တယ် ။
ဘာလို့ ထုတ်မသုံးတာလဲဆိုတဲ့မေးခွန်းတွေပါတဲ့ အကြည့်နဲ့ ဂျဲနိုရော ယူဂျင်းရောက သူ့ကို ကြည့်နေလေရဲ့ ..။

ရယ်ပြီးတော့ ပြောလိုက်ချင်ပါတယ် ။
မင်းတို့ကရော .. လူတစ်ယောက်က စွန့်ပစ်လိုက်တာဆန်တဲ့ ပစ္စည်း‌မျိုးကို အသုံးပြုချင်ရဲ့လားလို့လေ ။

...

နေ့ရက်တွေက ‌တရွေ့ရွေ့ကုန်ဆုံးလာတယ် ။
တက္ကသိုလ်ရဲ့ အသည်းကျော်လေး နှစ်ယောက်က တွဲလက်တွေ မြဲမြံနေတုန်း ။

ဆောယူဂျင်းက တက္ကသိုလ်ရဲ့ ဂုဏ်ဆောင် မိန်းမလှလေးဆို အီဂျဲနိုက ပျိုတိုင်းငေးတဲ့ လူချောလေးပဲ ။
လိုက်ဖက်တာထက် ပိုလို့ ကောင်းချီးအပေးခံရတဲ့ ဒီအတွဲကို ကြိတ်ပြီး ကျိန်ဆဲနေမိတာက သူကလွဲရင် ဘယ်သူမှ မရှိနိုင်ဘူးထင်တယ် ။

လူတိုင်းက အားကျနေရပေမယ့် သူကတော့ တိတ်တိတ်ကလေး မုန်းနေမိတာပဲ ။
နေနဲ့လ ရွှေနဲ့မြလို့ နှိုင်းကြတဲ့အခါ သူက တွေးမိတယ် ။
နေနဲ့လလို ‌တစ်‌ယောက်က ‌တစ်ယောက်ရှိနေတဲ့ဆီမှာ ပျောက်ကွယ်သွားရင် ကောင်းမယ်လို့ ။

ဆောယူဂျင်းက သူ့ရဲ့ အချစ်ဆုံး သူငယ်ချင်း ။
အီဂျဲနိုက သူ့ရဲ့ ငယ်သူငယ်ချင်း ။
တက္ကသိုလ်မှာ မေဂျာမတူတဲ့ ဂျဲနိုကို မေဂျာတူ အချစ်ဆုံးသူငယ်ချင်းလို့ ယူဂျင်းနဲ့ မိတ်ဆက်ပေးမိတာက အရာအားလုံးရဲ့အစပဲ .. သူ့အမှားတွေ ။

비밀 , 약속 , 거짓말 || NoMinWhere stories live. Discover now