♡ 3 ♡

393 54 16
                                    


ဂျုံအင်မှာ ကားနားရောက်တော့ ကားတံခါးဖွင့်ပေးကာ ဟွန်းငယ်ကို ကားပေါ်တက်ဖို့ပြင်ပေးပေမယ့် ဟွန်းငယ်က တစ်ခုခုကိုတွေးတောနေပုံ ရသည်။ ဒါကြောင့် ဟွန်းငယ်လက်ကို ကိုင်ပြီး လမ်းကူးရတာ ဆက်ကျော်သက်ကလေးအရွယ်မို့ အတွေးတွေက များကိုများနေမှာ။

" ဟွန်းငယ် ကားပေါ်တက်တော့လေ ဘာတွေတွေးနေတာလဲ "

" ဦးအကြောင်းလေ ~~ အယ် ! "

ဟွန်းငယ်က သူ့အကြောင်းတွေးနေသည်တဲ့လေ။သူ့အကြောင်းဘာများ တွေးစရာရှိပါလိမ့်။ ပြောပြီးမှ ရှက်သွားသလားမသိ ကားပေါ်ကိုလှစ်ကနဲတက်သွားကာ ကားတံခါးကိုလည်းဂျိမ်းကနဲမြည်အောင် ပိတ်ချလိုက်သေးသည်။

ဂျုံအင်လည်း ကားပေါ်တက်လိုက်ကာ ခါးပတ် ပတ်လိုက်ပြီး

" ဆိုစမ်းပါဦးဗျာ ~~ ဦးအကြောင်းဘာတွေတွေးနေတာလဲ "

" သူများအတွေးကို မမေးရဘူးလေ လာဘ်ပိတ်တတ်တယ် ဦးရဲ့ "

အတွေးတွေကို မပြောပြချင်တာနဲ့ လာဘ်ပိတ်တယ် လို့ ပြောလာသည်။ဒီကလေး စကားတော်တော်တတ်သည်။ သူ့အတွေးလေးဘဲ မေးလိုက်ရင် ချက်ချင်းဘဲ လူက လာဘ်တိတ်တော့မလိုလို။ ဂျုံအင်လည်း ဘာမှမမေးရဲတော့ဘဲ ကားမောင်းရတော့သည်။

ဟွန်းငယ်ကတော့ ဟိုကြည့်ဒီကြည့် လုပ်ကာ လိုက်လာသည်။ ငယ်ငယ်ကတည်းက ရင်းနှီးခဲ့လို့ထင်ပါတယ် ဟွန်းငယ်နဲ့ ပြန်တွေ့တော့လည်းအရမ်းကြီး စိမ်းမနေ။စတွေ့လို့ နှုတ်ဆက်တာတောင်မှ သူ့ဆီက မုန့်ဖိုးတောင်းသေးသည်မလား။

အိမ်ကိုတော့ ဟွန်းငယ်ရဲ့ လမ်းပြမှုနဲ့ ရောက်လာသည်။ ကားကိုလည်းခြံထဲထိ မောင်းလာလိုက်သည်။ အိမ်ရှေ့မှာတော့ ကြိမ်လုံး တစ်ချောင်းကိုင်ကာ တစ်ယောက်ယောက်စောင့်လို့နေသည်။

ဘယ်သူဘယ်ဝါဆိုတာ ကားပေါ်ကနေ လှမ်းကြည့်လိုက်တော့ အစ်မဆူဟို ဖြစ်နေသည်။ကားရပ်လိုက်တော့ ကိုယ်က ခါးပတ်ချွတ်လိုက်ပေမယ့် ဘေးက ဟွန်းငယ်ကတော့ ခါးပတ်ကိုမချွတ်စတမ်းကိုင်ထားလို့နေသည်။

" ဟွန်းငယ် အိမ်ရောက်ပြီလေ ဘာဖြစ်လို့လဲ "

" မေမေ့ လက်ထဲမှာ ကြိမ်လုံးကြီးနဲ့ … အဟင့် ဟွန်းငယ်ကိုရိုက်တော့မယ်ထင်တယ် … ဦးရေ ဟွန်းငယ်ကို ကယ်ပါဦးနော် "

BELOVED [ Completed ]Where stories live. Discover now