ဂျုံအင် Company ကပြန်လာတော့ အိမ်အတွက်ဟင်းချက်ပစ္စည်းတစ်ချို့ကို ကုန်တိုက် ဝင်ပြီးလိုအပ်တာတွေထပ်ဝယ်လာရသည်။အိမ်မှာတစ်ယောက်တည်းမို့ ပစ္စည်းတွေကသိပ်တော့မလို။မိဘတွေကလည်း နိုင်ငံခြားမှာဘဲ ကျန်ခဲ့တာမို့ အိမ်မှာသူရယ် ခြံစောင့်ဦးလေးရယ် ထမင်းချက်အဒေါ်ကြီးရယ်သာရှိသည်။Latte တစ်ခွက်လောက်ဝယ်ဖို့ အနီးနားကကော်ဖီဆိုင်လေးကိုသာဝင်လိုက်သည်။ ဆိုင်လေးထဲဝင်လိုက်တော့ ကောင်တာက ကောင်လေးက သူ့ကိုကျောပေးထားရင်း အမှာစာတွေလုပ်နေသည်။ အလျင်မလိုတာမို့ ဂျုံအင်လည်းစောင့်နေလိုက်သည်။
" ဆယ်ဟွန်းရေ ရှေ့မှာ မှာမယ့်သူရောက်နေပြီ "
ဆယ်ဟွန်း ! တဲ့လား သူများနားကြားမှားသလား။ နာမည်တူနေတာများလား ဟွန်းငယ်က ဘယ်လိုလုပ် ဒီဆိုင်ကိုရောက်နေမှာလဲ ကျောင်းပိတ်တာမို့ အိမ်မှာဘဲရှိနေမှာပါ။
" ဟုတ် Hyung "
ကောင်လေးက ကျောပေးထားရင်း ထူးလိုက်သည်။ဗန်းပေါ်ကို ခွက်တွေချပေးပြီး ခုဏကအော်ပြောသော ကောင်လေးက ဗန်းလေးယူကာ ထွက်သွားလေသည်။ ဂျုံအင်လည်း ခေါင်းစောင်းကာ ကောင်လေး ကို ကြည့်မိသည်။ ညာဘက် လည်ပင်းပေါ်က မှည့်လေးကို မြင်လိုက်ရတော့ ရင်ထဲထိတ်သွားသည်။
တကယ် ဟွန်းငယ်များလား ~~
" မင်္ဂလာပါ ဘာသောက်လဲခင်ဗျ "
လူကိုမကြည့်သေးဘဲ ခေါင်းလေးနဲ့ ဦးညွှတ်ကာစက်ကို တတောက်တောက်နှိပ်နေပါသော ဟွန်းငယ်ရယ်လေ။
" ဟွန်းငယ် … ! "
ဆယ်ဟွန်းမှာ အလုပ်လုပ်နေရင်း နာမည်ခေါ်သံကြားတာမို့ ရှေ့တည့်တည့်ကိုကြည့်မိတော့
" ဦး ! ဒီကို ဘယ်လိုလုပ်ရောက်လာတာလဲ ? "
" ဦးက ~~~ "
" ဘာလဲ ဟွန်းငယ်ကို လိုက်stalk နေတာလား ဦးငယ်ခိုင်းလို့လား "
ဂျုံအင်ကိုစကားတောင်ပြောခွင့်မပေးဘဲ ။သူတစ်ယောက်တည်းပြောကာ မျက်လုံးလေးနဲ့ ဟိုကြည့်ဒီကြည့် လုပ်နေကာ နှုတ်ခမ်းကိုလည်းဆူထားသေးသည်။

YOU ARE READING
BELOVED [ Completed ]
RomanceKaihun Start Date - 10 . July . 2021 End Date - 23 . September . 2021 Bubble - Eri 😘😘