အိမ်မှာနေမကောင်းဖြစ်နေသူကြီးကြောင့် အလုပ်ကိုမြန်မြန်လက်စသတ်ကာ ပြန်လာပြီးခြံထဲကားထိုးပြီးတာနဲ့အိမ်ထဲတန်းဝင်ရသည်။
သူဝင်လာတာနဲ့ အဒေါ်ကြီးက မီးဖိုချောင်ထဲကထွက်လာသည်။" စောစောပြန်ရောက်လာတာဘဲ ဆယ်ဟွန်းလေး အဒေါ်ကြီးက 4နာရီလောက်မှရောက်မယ်ထင်တာ "
ယူပေးလာတဲ့ ရေကိုသောက်ကာ အဒေါ်ကြီးလက်ထဲပြန်ပေးရင်း။
" ဟုတ်တယ် ဉီးကိုစိတ်မချလို့ မြန်မြန်လုပ်လာတာ ဘယ်လိုဖြစ်တာလဲ အဒေါ်ကြီးမနက်က ကိုယ်နွေးရုံလောက်ပါဘဲ "
" ဟုတ်တယ် အစ်ကိုလေးက အခန်းထဲ မနေချင်ဘူးဆိုပြီးအပြင်ထွက်လမ်းလျှောက်တာ မိုးကရုတ်တရက်ရွာချတော့ ဖျားတော့တာပေါ့ နေ့ခင်းကအစ်ကိုလေးသူငယ်ချင်းဆရာဝန်လေးလာပြီးသွားပြီ ခုတော့တရေးတမောအိပ်နေတယ် "
" ဟုတ်ဟုတ် ဒါဆိုကျွန်တော်အပေါ်တက်လိုက်ဉီးမယ် ဆန်ပြုတ်လေးရရင် လာပေးပါဉီးနော် "
ဆယ်ဟွန်းနဲ့ဉီး လက်ထပ်ပြီးတော့ ဉီးကသူ့အိမ်ကထမင်းချက်အဒေါ်ကြီးနဲ့ခြံစောင့်ကောင်လေးကိုခေါ်ထားသည်။အရင်နေခဲ့တဲ့အိမ်ကတော့သော့ခတ် ခဲ့လေသည်။
ဉီးကတော့ Companyကိုဉီးစီးနေတုန်း။
ဆယ်ဟွန်းကတော့ ဖေဖေ့ဆီမှာအလုပ်ဝင်နေရသည်။လက်ထပ်ထားတဲ့2နှစ်ကျော်အတောအတွင်း ဆယ်ဟွန်းတို့အိမ်ထောင်ရေးဟာ ထင်ထားတာထက် အဆင်ပြေပါတယ်။တယောက်နဲ့တယောက်နားလည်မှူတွေ ချစ်ခင်ယုယကြင်နာမှူတွေကလည်း လျော့သွားတယ်ရယ်လို့မရှိပါ။
အခန်းထဲဝင်ကာ အိတ်ကိုတန်းပေါ်ချိတ်ပြီး ကုတင်ပေါ်မှာကွေးနေတဲ့ဉီးအနားသွားကာ နဖူးပေါ်တင်ကာစမ်းကြည့်တော့ အဖျားကရှိနေတုန်း။သူ့လက်ကို ခပ်နွေးနွေးလက်ဖဝါးကထပ်ကာဆုပ်ကိုင်လိုက်တာမို့ ဉီးနိုးလာပြီဖြစ်သည်။
" နေရတာဘယ်လိုနေသေးလဲ ဉီး
သက်သာရဲ့လား "" အွန်း သက်သာပါတယ် ချန်းယောလ်လည်းလာကြည့်ပြီးသွားပြီ ကလေးဒီနေ့စောတယ်နော် "
" ဉီးကိုစိတ်မချလို့လေ ခဏနေအဒေါ်ကြီးဆန်ပြုတ်လာပို့ပေးလိမ့်မယ် ညနေဆေးသောက်ရဉီးမယ်မလား "

YOU ARE READING
BELOVED [ Completed ]
RomanceKaihun Start Date - 10 . July . 2021 End Date - 23 . September . 2021 Bubble - Eri 😘😘