♡ 11 ♡

315 52 34
                                    

ဂျုံအင်က ကားကိုအေးဆေးမောင်းနေသော်လည်း စိတ်ထဲမှာတော့  ဘာလို့ ဟွန်းငယ်ကိုအော်လိုက်ရတာလဲလို့သာ ကိုယ့်ကိုကိုယ် အပြစ်ပြောနေမိသည်။ဘေးက ဘက်ခ်ဟျွန်းကတော့ အနောက်က ဟွန်းငယ်နဲ့စကားပြောလို့နေသည်။

အနောက်ဟွန်းငယ်ကတော့ သူ့အိတ်ထဲက မုန့်ထုတ်တွေဖောက်ကာ ချန်းယောလ်နဲ့စကားများနေလေသည်။ ဂျုံအင်က အနောက်ကို လှမ်းကြည့်လို့ မှန်ကနေများ ဟွန်းငယ်နဲ့ မျက်လုံးချင်းဆုံရင် မျက်စောင်းထိုးကာ တစ်ခြားဘက်လှည့်သွားလေသည်။

ပင်လယ်ဘက်သွားတာမို့ ဆိုင်တစ်ဆိုင်ဝင်ကာ ပင်လယ်စာတွေစားကြသည်။ ဟွန်းငယ်ကတော့ ချန်းယောလ်ဘေးနားကမခွာပါ။အခုလည်း

" ဦးဥိးချန်းယောလ်မွေးနေ့ဆို  ဟွန်းငယ်ကို ပင်လယ်စာတွေဝယ်ကျွေး "

ဆိုပြီး အတင်းခေါ်သွားလေရဲ့။ဂျုံအင်ကတော့ ဘေးနားကနေ ဘာမှမပြောဘဲ လိုက်လာရသည်။အကင်ဖိုနားသွားကာ စပ်စုနေတဲ့ ဘက်ခ်ဟျွန်းနားကို သွားတော့  ပုစွန်ကင်စားမလားဆိုကာ မေးလာသည်မို့ ခေါင်းခါပြလိုက်သည်။

" ဟွန်းငယ်ကို အော်လိုက်တာ ငါတောင်းပန်ပါတယ် ဘက်ခ်ဟျွန်း ငါက ဟွန်းငယ်ကိုစိတ်ပူသွားလို့ပါ "

" ငါတို့မိသားစုက ဟွန်းငယ်ကို အော်ပြောတာနည်းတယ်ကွ … ချော့မော့ပြောတာများတယ် ပြီးတော့ အငယ်ဆုံးလေးဆိုတော့ အလိုလိုက်ထားတာ များတယ်
… မင်းလည်း ဟွန်းငယ်ကို စိတ်ပူလို့ပြောတာနားလည်ပါတယ် ဒါပေမယ့် နောက်တစ်ခါတော့မဖြစ်စေနဲ့ပေါ့ကွာ "

" အင်းပါ ငါဆင်ခြင်ပါ့မယ် "

" ပြီးတော့ ဟွန်းငယ်ကိုချော့လိုက်ဦး "

ပင်လယ်စာဆိုင်က ဘူဖေးဆိုင်ဆိုတော့ ဟွန်းငယ်တို့က ဗန်းအပြည့်သယ်နေကြသည်။ခုံမှာထိုင်တော့လည်း ချန်းယောလ်ဘေးနားကပ်ထိုင်သည်။ ရှေ့တည့်တည့်မှာဂျုံအင်ထိုင်လိုက်တော့ နှုတ်ခမ်းဆူကာ ကြည့်လာပြီး သူ့ဦးငယ်ယူလာတဲ့ ပုစွန်ကင်ကို ကိုက်စားတော့လေသည်။

" ဟွန်းငယ် ဗန်းထဲ နည်းတာမဟုတ်ဘူး သွားတစ်ဝက်သွားပြန်ထား "

BELOVED [ Completed ]Where stories live. Discover now