♡ 12 ♡

328 51 49
                                    


မနေ့ကကိစ္စကို မေမေက တော်တော်လေးဒေါသထွက်နေတာမို့ မနက်စာစားချိန်မှာ တူရီးနှစ်ယောက်ဖြစ်တဲ့ ဦးငယ်နဲ့သူ့မှာ တိတ်တိတ်လေးထိုင်ကာစားနေရသည်။အဖေကတော့နည်း လေးပြောပြီးတာနဲ့င်္ပြီးသွားပေမယ့် မေမေကတော့ အဲ့လိုမဟုတ်။

ဘယ်ကမှန်းမသိတော့တဲ့ အကြာင်းတွေကအစပြန်ပြောပြီး ပြောနေတာမပြီးနိုင်တော့ပါ။ဆယ်ဟွန်းဆိုလည်း အိမ်ကခိုးထွက်ပြီး ဂိမ်းဆော့တဲ့အကြောင်းတွေနဲ့ထပ်အပြောခံရ။ဦးငယ်ဆိုလည်း အလုပ်ကိစ္စ ခုထက်ထိ အိမ်ထောင်မပြုသေးတာရောပါရောပေါင်းပြီးအပြောခံနေရသည်။မေမေတို့များ ဥာဏ်ကောင်းလိုက်တာဆိုတာ။

အချိန်ကိုကြည့်တော့ ကျောင်းသွားရတော့မည်။အမေပြောသမျှကိုမျက်နှာလေးရှုံ့ကာ နားထောင်နေတဲ့ ဦးငယ်နားကပ်ကာကျောင်းသွားတော့မယ်ပြောတော့ မျက်လုံးကချက်ချင်းလင်းလက်လာသည်။

" ဟုတ်ပါပြီ အစ်မရယ်နောက်တစ်ခါမဖြစ်စေရပါဘူး ခုတော့သွားတော့မယ်နော် ဟွန်းငယ်လည်းကျောင်းချိန်နီးနေပြီ "

" တာ့တာ မေမေ  …  တာ့တာ ဖေဖေ "

" ဟွန်းငယ် ! နောက်တစ်ခါကျောင်းပြေးတယ်ကြားလို့ကတော့ ချက်ချင်းအခန်းထဲက စက်တွေ လှူပစ်မယ် "

သူများ ကလေးတွေကိုများလှူပစ်မယ်တဲ့ မေမေတို့များရက်စက်လိုက်တာဆိုတာ။ဘာမှန်းလဲမသိဘူး။

" နောက်တစ်ခါ ကျောင်းပြေးရင် မေမေမကြားအောင် ကျောင်းပြေးပစ်မယ် "

" ဘာပြောတယ် ! အိုဆယ်ဟွန်း ခုချက်ချင်းလာခဲ့စမ်း !!! "

သူ့အမေကိုပြန်ပြောကာ ကားပေါ်ကိုဝုန်းကနဲတက်ပြီး ထွက်သွားလေသည်။ဆူဟိုမှာတော့ သားတော်မောင်ပြောသွားတဲ့ပုံကိုကြည့်ပြီးသွေးတိုးချင်လာသည်။

ရီရှင်းကတော့ သားတော်မောင်ကိုလက်မြှောက်အရှုံးပေးထားပြီးပြီဖြစ်သည်။အဖေအမေ အေးသလောက်  သားဖြစ်သူုကပြောင်ချော်ချော်နိုင်နေသည်။ဆူဟိုကတော့ စိတ်ဆိုးတုန်းခဏပင် ပြီးရင်သူ့မှာသားကို အလိုလိုက်ပြန်တော့သည်။

ရီရှင်းကိုတောင်မှ ရုပ်တည်ကာ ငယ်ငယ်တည်းသားကို နာခံတတ်အောင် ကြောက်အောင်ခြောက်ထားရသည်။ဒါတောင် တစ်ခါတစ်လေ ရီရှင်းကိုပါ စတတ်သေးသည်။

BELOVED [ Completed ]Where stories live. Discover now