♡ 15 ♡

284 41 25
                                    

ဘက်ခ်ဟျွန်းဆီကိုရောက်တော့ အချိန်က ထမင်းစားချိန်ရောက်နေပြီဖြစ်သည်။မနက်က Company မှာအရေးကြီးကိစ္စပေါ်လာတာမို့ဖြေရှင်းနေရသည်ကြောင့် နောက်ကျမှသာရောက်လာရသည်။

ထမင်းစားချိန်မှာ ဆိုင်တစ်ဆိုင်ခေါ်ကာ ဧည့်ခံမယ်ဆိုတော့
ဘက်ခ်ဟျွန်းကလက်ခံသည်။စားသောက်နေချိန် တစ်ခွန်းစနှစ်ခွန်းစသာ ပြောဖြစ်ကြသည်။

ဘက်ခ်ဟျွန်းကလည်း ဂျုံအင်ပြောမည့်စကားများကိုစောင့်ဆိုင်းနေသလို ဂျုံအင်မှာလည်း ပြောမည့်စကားများကိုစာစီနေရသည်။

" ပြောစရာစကားရှိတယ်ဆို ဂျုံအင် "

" အဟမ်း !!  ငါ ~~ ဟွန်းငယ်နဲ့တွဲနေပြီ "

အေးစက်စက်မျက်နှာထားဖြင့် ကြည့်လာကာ မျက်နှာထက်ရေးတေးတေးလေးပြုံးရင်း ဘေးကရေတစ်ခွက်ယူသောက်လေသည်။ဂျုံအင်လည်း ဘက်ခ်ဟျွန်းပြန်ပြောလာမယ့်စကားများကိုသာ နားစွင့်လို့နေသည်။

" ငါသိပြီးသားပါ "

" ဟွန်းငယ်ကပြောပြတာလား "

" မဟုတ်ဘူး မင်းတို့နှစ်ယောက်ဒီလောက်သိသာနေတာကို ငါမရိပ်မိဘူးများထင်နေတာလား "

တစ်ယောက်တစ်ကမ္ဘာထင်ကာ မတွေ့ရမနေနိုင်လောက်အောင် ဖြစ်နေကြတာကိုများ။

" ငါ ဟွန်းငယ်ကိုတကယ်ချစ်တာပါ တကယ်လို့ မင်းတို့သာအဆင်ပြေမယ်ဆို လက်ထပ်ဖို့အထိလည်းရည်ရွယ်ထားတယ် "

ဂျုံအင်က လက်ထပ်ဖို့အထိတောင်ရည်ရွယ်ထားသည်လို့ပြောလာသည်ကြောင့် စိတ်ထဲတော့ ဟွန်းငယ်အတွက်ပျော်မိသွားသည်။ဒါပေမယ့် ယောက်ျားလေးချင်းလက်ထပ်သည်ကို မနှစ်သက်သောဒီလိုနေရာအတွက် ဟွန်းငယ်ကခံနိုင်ရည်ရှိပါ့မလား။

" မင်းအတွေးတွေကိုငါသဘောပေါက်ပါတယ် တကယ်လို့ဒီမှာလက်ထပ်ခွင့်မရရင် လိင်တူလက်ထပ်ခွင့်ရတဲ့နိုင်ငံမှာ တခမ်းတနားနဲ့ လက်ထပ်ယူချင်တယ် "

ဘက်ခ်ဟျွန်းက ဟွန်းငယ်ကိုသိပ်ချစ်တာမို့ အတွေးတွေ အများကြီးတွေးနေမည်ဆိုတာကိုသိသည်။ဒါကြောင့်မို့ ဂျုံအင်လည်း ဟွန်းငယ်နဲ့စတွဲတည်းက ရည်းမှန်းထားသောအရာများကို ဖွင့်ပြောလိုက်ရသည်။

BELOVED [ Completed ]Where stories live. Discover now