♡ 14 ♡

269 50 20
                                    


" ဦးငယ် ညနေလာမကြိုနဲ့နော် "

" လာမကြိုနဲ့ ဟုတ်လား ဟွန်းငယ် ဘာတွေလျှောက်သွားဦးမလို့လဲ "

" သွားပါဘူး ဦးကလာကြိုမယ်တဲ့ အဲ့တာသွားမလို့ "

" ဂျုံအင်ကလည်း ငါ့လည်းဘာမှမပြောထားပါဘူး "

" ဟွန်းငယ်နဲ့ညက phဆက်ပြောထားတာ တာ့တာနော် "

ဦးငယ်ဘာမှပြန်မပြောခင်ခါးပတ်အမြန်ဖြုတ်ကာ ကားပေါ်ကဆင်းပြီး ကျောင်းထဲပြေးဝင်လာလိုက်သည်။ကျောင်းခန်းထဲရောက်တော့ ဒိုဘယ်ကမုန့်တစ်ထုပ်ကိုလက်ကကိုင်ရင်း စားနေလေသည်။

" စားဦးမလား ဆယ်ဟွန်း "

" တော်ပါပြီ ငါမင်းကိုပြောစရာရှိသေးတယ် "

" ပြောလေ "

" ထမင်းစားချိန်မှပြောမယ် "

စကားလေးဘာလေးပြောဖို့အရေးကိုထမင်းစားချိန်အထိတောင်စောင့်ရဦးမယ်။ဘာစကားများမို့လို့လဲ? ။ဒီကောင်ရည်းစားများရသွားတာလား? ။
ဒိုဘယ်ကတော့ မုန့်ကိုနှိုက်စားရင်းဆယ်ဟွန်းကိုလည်းအကြည့်မပျက်ပါ။

ထမင်းစားချိန်ရောက်လို့ စားပြီးတာနဲ ဆယ်ဟွန်းက နွားနို့နှစ်ဘူးဝယ်ကာ တစ်ဘူးကိုသူ့ပေးသည်။အားကစားကွင်းနားကလှေကားမှာထိုင်ကာ

" ငါ ~~ ဦးနဲ့ ရည်းစားဖြစ်သွားပြီ "

" အင်းးးး  ဘာ !! "

နွားနို့စုပ်သောက်နေရင်း ပြောလာတဲ့စကားကြောင့် ဒိုဘယ်မှာအကျယ်ကြီးအော်မိသွားလေသည်။အိုဆယ်ဟွန်းတို့များနော် ဒါပြောဖို့အရေး ထမင်းစားချိန်ထိစောင့်ရတယ်လို့။

" မင်း ဦးကနောက်ဆုံးတော့ဖွင့်ပြောပြီပေါ့ "

" ဘယ်ကသာ ငါကအရင်ပြောလိုက်တာ … ဦးပြောတာသာစောင့်နေရင် ဒီတစ်သက်ဦးနဲ့ရည်းစားတောင်ဖြစ်လိုက်မှာမဟုတ်ဘူး "

" မင်းမလဲနော် တော်တော်ကိုဖြစ်နေတာ … ဘယ်နေ့ကဖွင့်ပြောတာလဲ "

" မနေ့ကလေ ဦးအိမ်ကိုအလည်သွားရင်းပြောလိုက်တာ ဦးကလည်း ငါ့ကိုချစ်တယ်တဲ့ "

BELOVED [ Completed ]Where stories live. Discover now