"ဒီမှာ လာထိုင်"
ထိုအခါထိုကောင်လေးက သူ့အားမယုံသလိုကြည့်ကာ
"ဟော်ဗျာ လာပါအကိုတို့ကကိုက်မစားပါဘူး
ပြီးတော့မင်းနေရာမတွေ့ဘူးမလား ဒီမှာလွတ်တယ်လာထိုင်"ထိုအခါမှထိုကောင်လေးကအနားသို့လာကာခုံတစ်လုံးကိုဆွဲကာထိုင်လေတော့သည်
ထို့နောက်ထမင်းကိုခေါင်းမဖော်ပဲစားနေတာ
ကြောင့် ရိမ်ကထိုကောင်လေးနားသိုတိုးကာ"ညီလေး မင်းကြည့်ရတာတော်တော်ဗိုက်ဆာနေတဲ့ပုံပဲ ဟမ်း"
"...."
လမင်းဆီမှဘာစကားသံမှထွက်မလာ
နက္ခလည်းစိတ်ပျက်စွာခေါင်းကိုခါရမ်းရင်းနေရာကထမည်အလုပ်
"ဟျောင့် မင်းကဘယ်တုန်း"
"ငါစားလို့ပြီးပြီ ပြန်တော့မယ်အခန်းကို "
"နေပါအုန်းကွာ ဒီကညီလေးကဖြင့်စားလို့မပြီးသေးတော့ စောင့်ပေးလိုက်စမ်းပါ မင်းကလည်း"
ထိုချိန် လမင်းကချက်ချင်းဆိုသလိုထိုင်နေရာကနေထကာ ထမင်းစားဆောင်ထဲကထွက်သွားတော့သည်
"ဘာလဲဟ ဒီကောင်က ရိုင်းလိုက်တာ"
ရိမ်ကနက္ခကိုမော့ကြည့်ကာ
"အဲ့တာမင်းကြောင့်လေ ကလေးကလန့်သွားပြီ"
"သူ့..."
နက္ခလည်းဆက်ပြောရန်စကားလုံးပင်ရှာမတွေ့တော့
*****
နောက်တစ်နေ့တွင်လည်း ထုံးစံအတိုင်း နေ့လည်ထမင်းစားချိန်တွင်ရိမ်ကထိုကောင်လေးကို အတင်းခေါ်ကာသူတို့ဝိုင်း၌ဝင်ထိုင်းခိုင်းသည်
နက္ခကတော့ ဘာစကားမှမပြော
ထိုသို့ဖြင့်ရက်ပေါင်းများစွာကြာပြီးနောက် ရိမ်နှင့်လမင်းတို့ရင်းနှီးလာကာ တစ်ပူးပူးတစ်တွဲတွဲဖြစ်နေတော့သည်
နောက်တွင်သိလိုက်ရသည်က ထိုလမင်းသည် အတော်လေးကိုစကားများသည်ဆိုတာကိုပင် သို့ပေမဲ့ လမင်းကနက္ခကိုဆိုအဖက်မလုပ်ခုလည်းသုံးယောက်သားအပြင်ထွက်ဖို့ချိန်းထားကာ ကော်ဖီချိန်တွင်ဝင်ထိုင်နေကြသည် ရောက်ကတည်းကစကားပြောနေသောနှစ်ယောက် ထိုနှစ်ယောက်ရှေ့တွင်ထိုင်နေသောနက္ခကဖုန်းကိုထိုင်ပွတ်နေသည် ကြာလာတော့ပျင်းလာကာရှေ့ကနှစ်ယောက်အားမျက်စောင်းခဲကြည့်လိုက်သည်
YOU ARE READING
Please don't hate me baby (U + Z)
Short Storyကိုယ့်ကြောင့်မင်းကိုထပ်မနာကျင်စေရဘူးကလေး..... မင်းနက္ခမောင် ကျွန်တော်ခင်ဗျားကိုချစ်တယ် လမင်းရောင်