အပိုင်း - ၁၀ U+Z

175 6 0
                                    

"နက္ခမင်းလှေကားပေါ်က ပြုတ်ကျတာလား!"

အောက်ထပ်ကိုရောက်လာတော့ နက္ခကမတ်တပ်ရပ်နေလျက် ဖတ်စာအုပ်များကမြေပြင်ပေါ်တွင်ပြန့်ကျဲလျက် နက္ခရှေ့တွင်ကောင်လေးတစ်ယောက်က ဖင်ထိုင်လျက်သား
ရိမ်လဲထိုကောင်လေးအနားသို့သွားကာ

"ဟေ့ကောင်လေး အဆင်ပြေရဲ့လား "

"ကျစ် ချီးပဲ "

ထိုကောင်လေးရဲ့ပါးစပ်က ထွက်လာသောစကားကြောင့်ရိမ်နှင့်နက္ခက အူကြောင်ကြောင်

"အကို  ရှေ့ကိုမမြင်ဘူးလား  ကျောင်းနောက်ကျနေပါတယ်ဆိုမှပဲ လူကိုလာဝင်တိုက်လိုက်သေးတယ် "

လွယ်အိတ်ကိုယူကာထထွက်သွားမည်လုပ်သောကောင်လေးလက်ကိုနက္ခဆွဲလိုက်ရင်း  အစပိုင်းကနက္ခကတောင်းပန်မို့ပြင်နေတုန်းထိုကောင်လေးကဒီလိုစကားမျိုးပြောလာတော့

"ဘာလဲ ဘာလို့ကျွန်တော့်လက်ကို လာဆွဲနေတာလဲ!"

နက္ခ လမ်းဆုံးကနံရံတွင်ချိတ်ထားသောသတိပေးစာကိုလက်ညိုးထိုးပြရင်း
" စင်္ကြံ လမ်းတွင်မပြေးရ "

"မြင်လား "

"ကျွန်တော်ကကျောင်းသားသစ်လေ ကျောင်းကိုခုမှပထမဦးဆုံး ရောက်တာ ဘယ်လိုလုပ်သိမှာလဲ "

"ဘာပဲဖြစ်ဖြစ်မင်းမှားတာလေ "

"ကျွန်တော်.... "

ဘာလဲဆိုသည့်သဘောနှင့်မေးဆတ်ပြသောနက္ခ

"အင်းပါကျွန်တော် တောင်းပန်တယ်ဟုတ်ပြီလား ခုလွှတ်တော့ ကျွန်တော်ရုံးခန်းသွားရမှာမို့ "

လွှတ်ထွက်သွားတော့မည့်ထိုကောင်လေးကိုနက္ခပို၍တင်းတင်းကျပ်ကျပ်ဆွဲလိုက်ရင်း

"ဒီစာအုပ်တွေပြန်ကောက်ပေး "

"ခဗျား.... ကလေးလား !"

ထိုကောင်လေးရဲ့အသံနည်းနည်းကျယ်သွားသည်ထင် ကျောင်းခန်းထဲရှိသူများကခေါင်းလေးတွေပြုံစီထွက်လာကာ

"မင်းကြောင့်ကျတာလေ ဘာလဲမင်းကငါ့ကိုအဲ့လိုလေးပြောရုံနဲ့ မင်းကိုလွှတ်ပေးမယ်လို့ထင်နေတာလား "

Please don't hate me baby (U + Z)Où les histoires vivent. Découvrez maintenant