အပိုင်း - ၃ U + Z

380 19 0
                                    

"ကလေး...... ဟုတ်တယ်မလား ........ ကိုယ်မင်းကိုသတိရနေတာ..... ကို ကိုယ်မင်းကိုလိုက်ရှာနေတာ...... "

နက္ခပြောရင်းနဲ့တင်ပဲသူ့ရှေ့ကပုပုလုံးလုံးလေးကိုဆွဲဖက်လိုက်သည်....

"ဒီမှာခင်ဗျားလူကိုဆွဲဖက်ရအောင်ခင်ဗျားသူငယ်ချင်းမျာမှတ်နေလား. .... လွှတ်စမ်းပါ ခုဟာကလူမြင်ကွင်းကြီးနော်ခင်ဗျားမရှက်ဘူးလား..... "

"ကလေး.. ကိုယ်တောင်းပန်ပါတယ်နော်... ကိုယ့်ကိုမသိချင်ယောင်မဆောင်ပါနဲ့လား... အဲ့ကိစ္စအတွက်မင်းကိုယ့်ကိုစိတ်ဆိုးလို့ရပါတယ်...... ဒါပေမဲ့ကိုယ့်ကိုတော့အဲ့လိုကြီးသူစိမ်းမဆန်ပါနဲ့နော်.......... "

"ခင်ဗျားရူးနေတာလား...... ကျွန်တော့်ကိုလွှတ်လို့ပြောနေတယ်လေ...... "

လရောင်ပြောရင်းနဲ့တင်ပဲငိုချင်တယ်လာတယ်.........

"ဟုတ်ပြီကိုယ်တို့တခြားနေရာသွားရအောင်လေနော် မငိုနဲ့တော့ "

"ဘယ်သူကခင်ဗျားနဲ့လိုက်မယ်ပြောနေလို့လဲ....... ကျွန်တော်အော်မှာနော်
ဒီမှာဗျို့........ လူကိုဆွဲလားရမ်းလား လုပ်နေပါတယ်.... ဟင့်..... "

ကုမ္ပဏီအတွင်းရှိလူများလည်းတချက်တချက်လှည့်ကြည့်လိုက်ဖြင့်...

နက္ခလည်းသူ့လက်ထဲကပိစိကိုမလွှတ်ချင်လွှတ်ချင်ဖြင့်လွှတ်ပေးလိုက်သည် . ..

"ဒါဆိုကိုယ်တို့တခြားနေရာသွားရအောင် ကိုယ်ကလေးကိုအဲ့နေ့ကကိစ္စအကြောင်းရှင်းပြရမယ်...... အဲ့တာကြောင့်ကိုယ်နဲ့လိုက်ခဲ့ပေးပါနော်ကလေး.. "

"ဘယ်သူကခင်ဗျားပြောတာနားထောင်ချင်တယ်လို့ပြောနေလို့လဲ ကျွန်တော်ရှေ့ကဖယ်စမ်းဗျာ... မဖယ်ရင်ကန်မှာ.... "

နှာတရှုံရှုံနဲ့ပြောနေသောကောင်လေးကိုနက္ခဘယ်လိုမှလွှတ်မပေးချင်ပါ

"ဒါပေမဲ့ကိုယ်ကလေးကိုပြောပြချင်တာတွေအများကြီးရှိသေးတယ်လေကလေးရဲ့"

"ကျွန်တော်ပြောပြီးပြီးလေဘယ်သူကမှခင်ဗျားပြောတာနားမထောင်ချင်ဘူး"

"မဟုတ်ဘူး.. ကိုယ်သိတယ် ကလေးကကိုယ်ရှင်းပြတာကိုနားထောင်ချင်တယ်ဆိုတာ..... "

Please don't hate me baby (U + Z)Tahanan ng mga kuwento. Tumuklas ngayon