2020 . August 5
6:45 Am📞📞Ting Ting📞📞
မနက်ခင်းစောစောတွင်အဆက်မပြတ်မြည်နေသောဖုန်းသံ..
"ဟာ. . .မနက်စောစောကိုကွာ... ဟလို...."
"ဟဲ့လမင်းနင်မလာသေးဘူးလား...."
ဘာလဲဟ...လမင်းစိတ်ညစ်ညစ်နှင့်တစ်ချက်စုပ်သတ်လိုက်ပြီးအချိန်ကိုကြည့်လိုက်သည်
"ဒေါ်မေရွှန်းလဲ့ နင်ရူးနေလား ဒါမှမဟုတ်မနေ့ကပဲအသောက်များပြီးမူးတာဒီနေ့မနက်ထိအမူးမပြေသေးတာလား ဟမ် "
"ငါမူးနေတာမဟုတ်ဘူးဟေ နင့်ပထွေး Md ကဒီနေ့ကုမ္ပဏီကိုကြွလာတော့မလို့တဲ့"
Md.....လမင်းတစ်ယောက်ကမန်းကတန်းနှင့်ထလာကာ
"သူကနောက်အပတ်မှရောက်မှာမဟုတ်ဘူးလားဘာလို့ဒီနေ့လည်း....."
"ဟဲ့ ငါလဲဘယ်သိမလဲ မြန်မြန်သာကုမ္ပဏီကိုလာခဲ့တော့ Head ကလူမြန်မြန်စုခိုင်းနေတယ်ပထမရက်ကတည်းကအမြင်မကြည့်လို့မဖြစ်ဘူးနော်မြန်မြန်လာသပ်သပ်ရပ်ရပ်လဲပြင်လာအုံးအရက်နံ့လည်းနံဟောင်မနေစေနဲ့အုံးရေသေချာချိုးလာခဲ့ကြားလား..."
"အေးပါဒါပဲနော်"
လမင်းအိပ်ယာပေါ်မှကမန်းကတန်းထကာရေချိုးခန်းသို့ပြေးလေတော့သည် အရင်ရက် Head ပြောတာကနောက်အပတ်ဆို Chairman ၏သားကကုမ္ပဏီမှာ Md ရာထူးနဲ့အလုပ်ဝင်မယ်တဲ့ သူများတွေပြောကြတာတော့ Chairman ရဲ့သားက Chairman နဲ့မတူပဲရေခဲတုံးလိုမျိုးအေးစက်ပြီးတော့ဘယ်ခွေးမှလူမထင်ဘူးတဲ့ပြီးတော့တလောကလုံးသူ့လုပ်စာထိုင်စားနေတဲ့ရုပ််တဲ့အဲ့တာနဲ့ပတ်သက်ပြီးလမင်းတို့ကတော့ဘားမှမဖြစ်ပါဘူးလမင်းတို့ကတော့အလုပ်မှာဆိုအမှားမလုပ်မိအောင်နေတယ်ပြီးတော့အလုပ်မှာလူချစ်အောင်ပေါင်းတတ်တော့အလုပ်မှာမျက်နှာပွင့်ချက်ကတော့ရှစ်ချက်ပဲခုသွေးအေးတဲ့Mdရောက်လာတော့လဲဘာဖြစ်လဲကိုယ့်ဘာသာနေနေကျအတိုင်းပဲနေရုံပေါ့ပြောရင်းနဲ့နောက်ကျတော့မယ်
လမင်းတစ်ေယာက်ရေမိုးချိုးပြီတော့မှန်ရှေ့ရပ်ကာကိုယ့်ကိုကိုယ်သုံးသပ်ရင်းတနေ့တာကိုစတင်လိုက်တော့သည်
KAMU SEDANG MEMBACA
Please don't hate me baby (U + Z)
Cerita Pendekကိုယ့်ကြောင့်မင်းကိုထပ်မနာကျင်စေရဘူးကလေး..... မင်းနက္ခမောင် ကျွန်တော်ခင်ဗျားကိုချစ်တယ် လမင်းရောင်