အပိုင်း - ၉ U+Z

196 5 0
                                    

နောက်တစ်နေ့မနက်

နက္ခအပေါ်ထပ်မှဆင်းလာကာဒေါ်နန်းခင်ရဲ့ပါးကိုမွှေးကြူလိုက်ပြီး

"အမယ် သားငယ် လိုချင်တာရှိလို့လား မနက်စောစောစီးစီး"

"မဟုတ်ပါဘူးအမေကလည်း "

"သေချာလို့လားနက္ခ "

"အဖိုးကလည်း  မေမေ့ကိုတော့ပူဆာစရာမရှိပါဘူး ဒါပေမဲ့ အဖိုးကိုတော့ပူဆာစရာရှိတယ် "

"ဘာလဲ ပြောပါအုံးငါ့ မြေး နှစ်တော်တော်ကြာမှ ဒီလိုလေးကြားရတယ်ဆိုတော့ "

"ဟီးဟီး ဘာရယ်တော့မဟုတ်ပါဘူး  ဟို လစာလေးနည်းနည်းလောက်ထပ်တိုးပေးလို့မရဘူးလား "

"အဟင်း မင်းကုမ္ပဏီရောက်တာတစ်ပတ်ပြည့်ပြီမလို့လား "

"အဖိုးကလည်း ကျွန်တော့ကိုလစာနည်းနည်းလေးတို့ပေးရုံပဲလေ ကြီးကြီးမားမားထိခိုက်သွားတာမှာလည်းမဟုတ်ဘဲ ပြီးတော့ကိုကြီးတောင်မှာ တစ်လကိုဘတ်သုံးသိန်းခွဲရနေတာလေ ကျွန်တော်ရမယ့်လစာကကျတော့ ငါးသောင်းလေးပဲတဲ့  နော် နော်လို့ အဖိုး........ "

"အေးပါ အရင်ဆုံး တော့ မင်းရဲ့အလုပ်လုပ်ပုံကိုအရင်ကြည့်အုံးမယ် ပြီးရင်လစာကိုလည်းတိုးသင့်သလောက်တိုးပေးမယ် "

"အဖိုးကလည်း ကျွန်တော်အလုပ်လုပ်ပုံကိုကြည့်အုံးမယ်ပေါ့ ကျွန်တော့ကလေ ဦးထွန်းရာမောင်ရဲ့သားပါနော် ပြီးတော့ ဒီလအတွင်းကျွန်တော့်ကိုပိုက်ဆံတိုးပေးစေရမယ် "

"အေးပါကွာ အေးပါ "

"သားငယ် အဖိုး ကလစာမပေးလည်းအမေပေးမယ်သိပြီလား "

"ဟုတ်မေမေ"

"ကဲမနက်ခင်းစောစောစီးစီးထမင်းဝိုင်းက စည်လှချည်လား ကျွန်တော်မရှိတုန်းဘာတွေပြောနေကြတာလဲ "

"အော် ကိုကြီးဆင်းလာပြီပဲ. "

ဒေါ်နန်းခင်သည်ပြုံးရယ်လျက်သာလျင်

"ဒါနဲ့သမီးသွယ်တာမနက်ဖြန်ကျရင် နယ်ဘက်သွားရမှာဆို အဲ့တာသားရောလိုက်သွားမှာလား "

"ဟုတ်မေမေ ကျွန်တော်ပါတခါတည်းလိုက်သွားပြီး ပွဲအတွင်ပြင်ဆင်စရာရှိတာတွေကြိုလုပ်ထားမလားလို့ "

Please don't hate me baby (U + Z)Onde histórias criam vida. Descubra agora