အပိုင်း - ၁၁ U+Z

232 7 0
                                    

နက္ခထိုနေရာကနေသူတို့ကိုထပ်စောင့်နေရင်း မကြာခင်ပင် စားသောက်ဝိုင်းကအဆုံးသတ်သွားတော့သည် လုပ်ဖော်ကိုင်ဖက်အားအုံးအသီးသီးနှုတ်ဆက်ကာထွက်သွားကျရင်း

"လမင်းအဆင်ပြေလား အဲ့ဆိုနင်ပဲရွှမ်းလဲ့ကိုအိမ်ပြန်လိုက်ပို့ပေးလိုက်တော့နော်

"ဟုတ်ကဲ့အမ ဂရုစိုက်ပြန်ပါ မနက်ဖြန်တွေ့ကြမယ် "

"Ok ဘိုင်"

"သူတို့ထွက်သွားတော့လမင်းရွှမ်းလဲ့ကိုတွဲထားရင်း ကားခေါ်ရန်ဖုန်းကိုထုတ်နေစဥ် သူ့တို့ရှေ့ကိုထိုးရပ်လာသောကားတစ်စီး ထိုကားမှန်ကိုချလိုက်တော့အထဲတွင်စောင့်ကြိုနေသောနက္ခ

"တက် ကိုယ်လိုက်ပို့ပေးမယ် "

"ဘယ်လိုလုပ်ရောက်နေတာလဲ "

"ကိုယ်ဖြတ်သွားရင်းနဲ့ပါ "

ကားထဲတွင်

နက္ခကားရှေ့မှန်ကနေ နောက်ကရွှမ်းလဲ့ကိုလှမ်းကြည့်တော့ အသေကောင်လိုအိပ်ပျော်နေသောသူမ
နက္ခသူ့ဘေးက လမင်းကိုကြည့်လိုက်တော့ ထိုသူကပြတင်းပေါက်ဘက်သို့ခေါင်းလှည့်ကာ

"ဒီလမ်းမှန်လား "

"ဟင်း အင်ဟုတ်တယ် လမ်းတည့်တည့်ပဲ ပြီးရင်တိုက်အပြာလေးအဲ့ရှေ့မှာရပ်ပေး"

ထိုတိုက်သို့ရောက်သော်လမင်းကဆင်းကာရွှမ်းလဲ့ကိုသူ့မိဘထံသိုလွှဲပေးရင်းလက်ထဲအအထုတ်များအပ်ကာ

နက္ခကားထဲကနေသူတို့ရဲ့ဆက်ဆံရေးကိုကြည့်လိုက်တော့

"ရင်းနှီးသားပဲ "

လမင်းကားထဲသို့ပြန်ဝင်ထိုင်ကာ

"အား.... အိမ်ပြန်ကြမယ် ပင်ပန်းနေပြီ "

"အင် မှေးနေလိုက် ကိုယ်ရောက်ရင်နိုးလိုက်မယ် "

"အင် ပြီးရော "

လမင်းကိုယ်ကိုဘေးဘက်သို့စောင်းကာကွေးကွေးလေးအိပ်လိုက်ချိန် နက္ခက သူ့နဖူးကိုဆွဲကာအနမ်းပေးပြီး  ကားဆက်မောင်းနေလိုက်သည် လမင်းမျက်နှာကခရမ်းချဥ်သီးတစ်လုံးကဲ့သို့

×××××××××

ရာဇာတို့ကားကခြံထဲသို့ဝင်လာသည့်အချိန် အစေခံတချို့လည်းခပ်သွက်သွက်ထွက်စောင့်ကာ

Please don't hate me baby (U + Z)Onde histórias criam vida. Descubra agora