11

4.9K 1.1K 112
                                    

စားသောက်လို့ပြီးစီးတဲ့အချိန်မှာ တင်းရွှမ်ကသန့်စင်ခန်းကိုသွားချင်‌နေခဲ့တယ်။တစ်ချိန်တည်းမှာဘဲ ပေါ်ချန်းယိကလည်းမတ်တပ်ထရပ်လေတယ်။

"ခင်ဗျား ဘယ်သွားမလို့လဲ"

"သန့်စင်ခန်း"

"အိုး...ကျွန်တော်လည်းသွားမှာ"

ပေါ်ချန်းယိ‌ ခေါင်းတစ်ချက်ညိမ့်ပြလိုက်ပြီး သန့်စင်ခန်းစီသွားလေတယ်။

တင်းရွှမ်နောက်ကလိုက်လာပြီး ကူရာမဲ့စွာရှင်းပြရှာတယ် - "ကျွန်တော် Iced teaအသောက်များသွားလို့"
'ဘာလို့ဆိုတော့ ကျွန်တော်အရမ်းစိတ်လှုပ်ရှားနေလို့'

"အင်း"

"ပြီးတော့ကျွန်တော် ခင်ဗျားပေးတဲ့soupကိုလည်းသောက်လိုက်သေးတယ်"

"အင်း..ကိုယ်သိတယ်"

"ကျွန်တော် ထပ်ပြီး....."

ပေါ်ချန်းယိကနောက်လှည့်ကြည့်ပြီးမေးလိုက်တယ်-"မင်းဘာကိုပြောချင်နေတာလဲ"

"...ကျွန်တော်ဘာမှပြောချင်တာမရှိပါဘူး" သူကဘာလို့သန့်စင်ခန်းနှစ်ခါတောင်သွားလဲဆိုတာကိုအရိပ်အမြွက်ပြောပြချင်နေရုံပါပဲ... သူ့ကျောက်ကပ်မှာပြသာနာမရှိဘူးဆိုတာကိုပေါ့။ ဘာလို့ပေါ်ချန်းယိကနားမလည်တာတုန်း???

အမျိုးသားသန့်စင်ခန်းထဲမှာ ဆီးသွားလို့ရတဲ့အရာ ခြောက်ခုရှိတယ်။အဲ့ဒီအချိန်မှာ ခြောက်ခုမြောက်ရေအိမ်ရှေ့မှာရပ်နေတဲ့ ဂျာမန်အမျိုးသားတစ်ယောက်ရှိလေတယ်။

ဒုတိယမြောက်တစ်ခုကိုပေါ်ချန်းယိသုံးခဲ့တယ်။

ပေါ်ချန်းယိနဲ့ဝေးနိုင်သမျှဝေးစေချင်တဲ့ရည်ရွယ်ချက်နဲ့ တင်းရွှမ်ကငါးခုမြောက်ရေအိမ် ဆီလျှောက်သွားလိုက်တယ်။သူ့အဲ့ဒီနားရောက်ခါနီးမှာပဲ ပေါ်ချန်းယိပြောတာကိုကြားလိုက်ရတယ် - " ဘာလို့အဝေးကြီးသွားတာလဲ"

တင်းရွှမ်တောင့်ခဲသွားပြီး တစ်ပတ်ပြန်ကွေ့ကာ ပေါ်ချန်းယိရဲ့ဘယ်ဘက်ရှိနေရာဆီသွားလိုက်တယ်။ "ဘာကြောင့်မှတော့မဟုတ်ပါဘူး"

ဇစ်ဆွဲချတဲ့အသံကပေါ်ချန်းယိဆီကနေထွက်လာတယ်...

တင်းရွှမ်လည်းပဲဘောင်းဘီဇစ်ဆွဲချနေပြီး သူ့ခေါင်းကိုလှည့်ပြီး သာမန်ကာလျှံကာကြည့်လိုက်လေတယ် ပေါ်ချန်းယိကိုသူ့ခေါင်းနောက်ဖက်အားမြင်စေပြီးတော့ပေါ့...

မင်းနဲ့ကိုယ်ရဲ့အကွာ‌အဝေးWhere stories live. Discover now