56

3.3K 761 90
                                    

Unicode

တင်းရွှမ်ရဲ့ရှင်သန်ခြင်းနဲ့ သေဆုံးမှုဟာ ပေါ်ချန်းယိရဲ့နှုတ်ထွက်စကားတွေပေါ်မှာသာ အလုံးစုံမူတည်နေခဲ့တယ်။

တင်းရွှမ်က သူ့ရဲ့ပစ္စည်းတွေကို ‌‌သိမ်းစည်းကာ ထမင်းစားခန်းဆီပြန်လာတဲ့အခါမှာတော့ ပေါ်ချန်းယိက စုပင်းနဲ့ပေါ်ကျုံးရန်တို့နဲ့အတူ သတင်းအချက်အလက်တွေနဲ့ ပက်သတ်ပြီး ဆွေးနွေးနေခဲ့ကြတယ်။ ပေါ်ချန်းယိရဲ့ဘေးမှာ တင်းရွှမ်ကဝင်ထိုင်လိုက်ပြီး ခုံအောက်ကနေ ပေါ်ချန်းယိရဲ့လက်ကို တိတ်တိတ်လေး ဆုပ်ကိုင်လိုက်လေတယ်။

"အရင် စားဦးလေ"

"အို့..." တင်းရွမ်က လက်လွှတ်ပေးလိုက်ပြီး ကိတ်မုန့်စားဖို့ပြင်လေတယ်။

သူတို့လေးယောက်ထဲက လူအချို့ကသာ မုန့်အချိုစားကြပြီး ပေါ်ချန်းယိရဲ့မိဘတွေက ကော်ဖီသောက်ရင်းနဲ့ ‌တင်းရွှမ်ရဲ့နိုင်ငံရပ်ခြားမှာ စာလာသင်တဲ့ကိစ္စတွေနဲ့ပက်သက်လို့ မေးမြန်းနေခဲ့လေတယ်။

တင်းရွှမ်တစ်ယောက်ထဲ ရုန်းကန်ရင်း စာလာသင်နေရတယ်ဆိုတဲ့ အကြောင်းကိုကြားတဲ့အခါမှာတော့ စုပင်းရဲ့နှလုံးသားထဲမှာ တင်းရွှမ်လေးအတွက် မိခင်မေတ္တာတွေ ပြည့်နှက်သွားခဲ့တယ်။ ပြန်လည်ရေတွက်ကြည့်လိုက်မယ်ဆိုရင် ပေါ်ချန်းယိ အသက်13နှစ် သို့မဟုတ် 14နှစ်သားအရွယ်လောက်ကတည်းက သူမကို ဒီလိုနှလုံးသားနာကျင်စေခဲ့တာမျိုးမရှိခဲ့ပေ။ သူမက ချက်ချင်းလက်ငင်းပင် စားသောက်ဆိုင်တစ်ခု‌ကိုရွေးချယ်လိုက်ပြီး တင်းရွှမ် နောက်ပြီး သူမရဲ့အမျိုးသားနဲ့ ချန်းယိတို့နဲ့အတူ မွန်းလွဲပိုင်းကျရင် ထမင်းလက်ဆုံစားဖို့ ထိုင်ခုံကြိုတင်မှာထားလိုက်လေတယ်။

ကြိုတင်အစီအစဉ်ကျပြီးနောက်မှာတော့ ပေါ်ချန်းယိဘက်လှည့်ကာ မေးမြန်းပြန်တယ် - "ချန်းယိ...ဇူလိုင်လကုန်ခါနီးပြီဆိုတော့ တင်းတင်း အတွက် ဆောင်းရာသီဝတ်အကျီလေးတွေ ဝယ်ပေးပြီးပြီလား"

အင်မတန်မှပင် သနားစရာကောင်းလှပါပေတယ်။ ကြီးမြတ်တဲ့ ပါမောက္ခကြီးပေါ်ဟာ မူလအစက သူ့ကိုယ်သူ ပါတနာကောင်း တစ်ယောက်အနေနဲ့ ခံယူထားပေမယ့် သူ့အမေရောက်လာချိန်မှာတော့ သူမက ပေါ်ချန်းယိကို 'အရမ်းကောင်းတဲ့ချစ်သူကောင်လေးအဖြစ်ကနေ 'နုံချာဆုတ်ပဲ့တဲ့ ချစ်သူကောင်လေး' အဖြစ် ကူးပြောင်းသွားစေခဲ့တယ်။

မင်းနဲ့ကိုယ်ရဲ့အကွာ‌အဝေးWhere stories live. Discover now