47

3.5K 761 24
                                    

Unicode

တင်းရွှမ်က တည်ငြိမ်နေတဲ့ပုံစံရှိသော်ငြား သူ့လက်‌ချောင်းလေး‌တွေမှာတော့ ချွေးတီးချွေးပေါက်တို့က စိမ့်ထွက်နေခဲ့ကြတယ်။

ထိုမိန်းကလေး အော်ဒါလာမှာတဲ့ဖြစ်စဉ်တွေကိုပဲ ထပ်တလဲလဲ စဉ်းစားနေခဲ့တယ်။

ထိုမိန်းကလေးရဲ့အခြေအနေကို ပိုပူပန်သင့်တယ်ဆိုတာသိပေမယ့် တကယ်တမ်းတော့ လက်ရှိ‌အခြေအနေနဲ့ပက်သက်ပြီး သူ့ကိုယ်သူအပြစ်တင်သင့် မတင်သင့်ကိုသာ ပူပန်နေခဲ့ပြီး ပြန်ဖြေရှင်းချက်မထုတ်နိုင်မှာစိုးတဲ့ အကြောက်တရားတို့ကသာ လှိုက်စားနေခဲ့တယ်။

ရုတ်တရက်ဆိုသလို တင်းရွှမ်က သူ့ခါးတဝိုက်ကို တစ်စုံတစ်ရာက တင်းကျပ်စွာ ဖိညစ်ထားသလို ခံစားလိုက်ရတယ်။

ထိုအရာက လှုပ်ရှားမှုသေးသေးလေး ဖြစ်သော်ငြား တင်းရွှမ်ကတော့ ကြောက်ရွံ့နေတဲ့ ငှက်ကလေးတစ်ကောင်လို ဖြစ်နေခဲ့ရှာတယ်။ခါးတစ်ဝိုက်ကို တင်းတင်းကျပ်ကျပ်လေး ဖက်တွယ်ပေးထားသူက ပေါ်ချန်းယိဆိုတာကို နားလည်သွားချိန်မှာတော့ တင်းရွှမ်ရဲ့စိတ်အခြေအနေဟာ ဖြည်းဖြည်းချင်းဆီ ငြိမ်သက်မှုရလာခဲ့တယ်။

ပေါ်ချန်းယိက ဆေးဘက်အကူအညီဆီ အခြေအနေအသေးစိတ်ကို ပြော‌ပြနေရင်း တင်းရွှမ်ရဲ့ခေါင်းလေးကို သူ့ရင်ခွင်ထဲမှီတွယ်ထားစေခဲ့တယ်။

ဖုန်းပြောခြင်း အဆုံးသတ်လိုက်တဲ့ ပေါ်ချန်းယိက တင်းရွှမ်ကို‌ နှစ်သိမ့်ပေးနေခဲ့တယ် - "မကြောက်နဲ့တော့နော်...အရေးပေါ်ကားက မိနစ်အနည်းငယ်ကြာရင် ရောက်လာလိမ့်မယ်"

ပေါ်ချန်းယိရဲ့ လည်တိုင်အကွေးနားမှာ မှီတွယ်ထားတဲ့ တင်းရွှမ်က ခေါင်းညိတ်ပြလိုက်ပြီး တိုးတိမ်တဲ့နှာသံလေးကိုသာ ထုတ်လွှတ်နိုင်ခဲ့တယ် "အွန်း"

ထိုအချိန်မှာ ဝယ်ယူသူတစ်ယောက်က တံခါးဖွင့်ဝင်လာတာကြောင့် ပေါ်ချန်းယိက လှမ်းပြောလိုက်ရလေတယ် "တောင်းပန်ပါတယ်ဗျ...ဒီမှာအရေးပေါ်အခြေအနေလေးတစ်ခုရှိနေလို့ လောလောဆယ် ဆိုင်မဖွင့်သေးပါဘူးဗျ"

"ဆိုင်ရပ်နားဖို့ အမှတ်အသားလုပ်နိုင်တဲ့ တစ်စုံတစ်ခုများရှိလား" ပေါ်ချန်းယိက လေသံတိုးတိုးနှင့် တင်းရွှမ်ကိုမေးနေခဲ့တယ်။

မင်းနဲ့ကိုယ်ရဲ့အကွာ‌အဝေးWhere stories live. Discover now