Unicode
မျှော်လင့်ချက်မဲ့နေတဲ့ကျောင်းသားတွေအတွက်တော့ရည်ရွယ်ချက်ကိုမေးတဲ့မေးခွန်းတွေအတွက် အဖြေဆိုးဆိုးကို ဖြေပေးခဲ့မိရင်တောင်မှ ယူဆချက်ကိုမေးတဲ့မေးခွန်းတွေကိုတော့ မျှော်လင့်ချက်ထားနိုင်လိမ့်မှာဖြစ်တယ်။
ထိုသူတို့အောင်မြင်သွားမယ်ဆိုရင်လည်း ဒါတွေဟာအညတရအဖြစ်သာကျန်ခဲ့မှာဖြစ်ပြီး ကျရှုံးသွားမယ်ဆိုရင်လည်း ထိုနည်း၎င်းပါပင်။ယူဆချက်မေးခွန်းတွေကို တိတိကျကျအဓိပ္ပာယ်ဖွင့်ဆိုမယ်ဆိုရင် လွတ်လပ်စွာ ထုတ်ဖော်ပြောခွင့်နဲ့ အတွေးအခေါ်ရာပေါင်းစွာကို ပြိုင်ဆိုင်ငြင်းဆိုချင်ပါကလည်းခွင့်ပြုပေးရမှာဖြစ်တယ်။ တင်းရွှမ်ရဲ့ချီးမွှမ်းခြင်းတွေဟာ တခြားသော ချီးမွှမ်းခြင်းတွေကြားမှာနှစ်မြှပ်သွားခဲ့ပြီး ပေါ်ချန်းယိက ခပ်မြန်မြန်ပဲလျစ်လျူရှုထားခဲ့တယ်။
"အဟမ်း" ပေါ်ချန်းယိက နောက်စာမျက်နှာတစ်ခုဆီပြောင်းလိုက်ပြီး ပေါ်လာတဲ့စာအချို့ကို ဖတ်ပြလေတယ် " စာသင်နေတဲ့အချိန်တွေမှာဆို ပါမောက္ခရဲ့အသံက အရမ်းဆွဲဆောင်မှာ ရှိတယ်"
ကျောင်းသားတွေရဲ့ ရယ်မောသံတွေ ကျယ်ကျယ်လောင်လောင်ထွက်လာခဲ့တယ်။
ဒီ့အပြင် လေချွန်သံတွေနဲ့ပါ အော်ဟစ်နေခဲ့ကြပေတယ်။
"ဒါ ဘယ်သူရေးတာလဲ" ပေါ်ချန်းယိက အတန်းထဲမှာရှိတဲ့ ကျောင်းသားတွေကို ဝေ့ဝဲကြည့်နေခဲ့ပြီး စက္ကန့်ဝက်လောက်ကတော့ တင်းရွှမ်ဆီမှာဝေ့ဝိုက်နေခဲ့တယ်။
ထိုစကားရဲ့နောက်ကွယ်မှာ လေးနက်တဲ့အဓိပ္ပာယ်တွေရှိနေခဲ့တယ်။
တင်းရွှမ်ကတော့ သူလှည့်စားခံနေရတယ်လို့ခံစားနေခဲ့ရတယ်။
ထိုအရှက်မဲ့တဲ့ အကဲဖြတ်မှတ်တမ်းကို သူရေးခဲ့တာ မဟုတ်ပေ...
သူ့ရဲ့အကဲဖြတ်မှုတွေက လေးလေးနက်နက်ရှိသလို ပပရော်ဖက်ရှင်နယ်ကျပြီး လေးစားသမှုနဲ့ဖြေပေးခဲ့တာဖြစ်လေတယ်။
ဒီလိုပုံစံမျိုးရေးလို့ရမှန်းသိခဲ့ရင် "ပါမောက္ခရဲ့ ရှပ်အကျီအောက်က ရင်အုံတွေက အရမ်းဆွဲဆောင်မှုရှိတယ်" ဆိုပြီးရေးလိုက်မှာပေါ့...
YOU ARE READING
မင်းနဲ့ကိုယ်ရဲ့အကွာအဝေး
RomanceAuthor - Gong Zi You Total Chapter (s) - 90 Chapters+ 3 Extras I don't own this story. I just make translation.