"အင်း..ကိုယ့်မှာနှစ်ယောက်ပြိုင်တွဲဖို့အချိန်လည်းမရှိပါဘူး" ပေါ်ချန်းယိကအမဲသားကိုပန်းကန်ပြားပေါ်မှာပြင်ဆင်လိုက်ပြီးထမင်းစားပွဲဆီသွားချပေးဖို့ပြင်လိုက်တယ် "လက်ဆေးပြီးရင် လာစားတော့လေ"
အဲ့ဒီစကားတွေကြားတော့ တင်းရွှမ်ကရေခေါင်းကိုချက်ချင်းပိတ်လိုက်ပြီး ပေါ်ချန်းယိသွားတဲ့နောက်ကိုတကောက်ကောက်လိုက်ရင်း " *ချောင်းဆိုး* ဟမ်း...ဒါဆို...ခင်ဗျားပြောချင်တာက..ကျွန်တော့်ကိုပဲခင်ဗျားနားမှာထားမယ်လို့ပြောတာလား"
"အင်း...ကိုယ်တို့အချိန်တွေတူတူဖြုန်းကြတာပေါ့"
ကိုယ်တို့အချိန်တွေတူတူဖြုန်းကြတာပေါ့?
သူကအချိန်တွေတူတူဖြန်းကြမယ်လို့ပြောရင် သူတို့တူတူ အချိန်တွေဖြုန်းကြတာပေါ့...
တင်းရွှမ်ကသူ့ရဲ့လက်တစ်ဖက်ကိုဆန့်ထုတ်ပြီး ပေါ်ချန်းယိရဲ့ခါးတစ်ဝိုက်ကိုသိုင်းဖက်လိုက်ရင်း "အိုခေလေ ...အလျင်မလိုပါဘူး.။ကျွန်တော်ကငယ်ငယ်လေးပဲရှိသေးတာမဟုတ်လား"
ပေါ်ချန်းယိရဲ့နှုတ်ခမ်းပါးတွေအနည်းငယ်ကွေးညွှတ်သွားကာအမဲသားပန်းကန်ကိုထမင်းစားပွဲပေါ်တင်ပေးလိုက်ပြီး သူ့အေပရွန်ကိုကြိုးဖျည်လိုက်လေတယ်။
တင်းရွှမ်ကထိုင်ခုံဆွဲယူထိုင်လိုက်ပြီးအမဲသားတစ်ခုကိုဖြတ်တောက်နေရင်း "ခင်ဗျားရောမစားဘူးလား ။ကျွန်တော်ခက်ရင်းသွားယူပေးရမလား"
"ကိုယ်မစားတော့ဘူး။စားပြီးရင်သွားတိုက်လိုက်ဦး" ပေါ်ချန်းယိကအပေါ်ထပ်သွားတော့မလိုလုပ်နေပြီးမှသူ့ခြေလှမ်းတွေရုတ်တရက်ရပ်တန့်လိုက်တယ် "အို...မင်းမှာသွားပွတ်တံမရှိဘူးပဲ။ခဏလောက်စောင့်ပေးနော်"
"အိုခေ"
တင်းရွှမ်ထင်တာကပေါ်ချန်းယိကသူ့အိမ်မှာရှိပြီးသားသွားပွတ်တံအသစ်ကိုသွားယူတယ်လို့ပေါ့။သူအံအားသင့်သွားတာက သူအမဲသားကြော်စားပြီးတဲ့အချိန်မှာ ပေါ်ချန်းယိကသူ့အဝတ်အစားတွေကိုလဲလှယ်ပြီးဆင်းလာတာကိုပဲ...
"ကိုယ် 15မိနစ်လောက်အပြင်သွားလိုက်ဦးမယ်"
တင်းရွှမ်ကမတ်တပ်ထရပ်လိုက်ပြီး သူ့နောက်ကနေလိုက်သွားရင်း "သွားပွတ်တံသွားဝယ်မလို့လား။ညနက်နေပြီကို စူပါမားကတ်တွေခုချိန်ထိဖွင့်ပါ့မလား"
YOU ARE READING
မင်းနဲ့ကိုယ်ရဲ့အကွာအဝေး
RomanceAuthor - Gong Zi You Total Chapter (s) - 90 Chapters+ 3 Extras I don't own this story. I just make translation.