Unicode
နောက်တစ်နေ့မှာတော့ တင်းရွှမ်က ဘာလင်မြို့မှ စုပင်းဆီကနေ လက်ဆောင်ရခဲ့တယ်။
ထိုမတိုင်ခင်ကတည်းက တင်းရွှမ်က ပေါ်ချန်းယိရဲ့မိဘတွေအတွက် အထူးစပယ်ရှယ်ကော်ဖီစေ့ဘူး တစ်ချို့နဲ့ သူတို့ကိုယ်တိုင် စိုက်ပျိုးခဲ့တဲ့ ဘလူးဘယ်ရီသီးအချို့အပြင် သူတို့နှစ်ယောက်တွဲရိုက်ထားတဲ့ ဓါတ်ပုံလေးကိုပါ ထည့်ပေးလိုက်တာဖြစ်တယ်။ ဒီအချိန်မှာတော့ စုပင်းက အနက်ရောင်စပျစ်ဝိုင် နှစ်ပုလင်း၊သူမကိုယ်တိုင် ပြုလုပ်ထားတဲ့ ဘီစကစ်အချို့နဲ့ ကိုယ်တိုင်လုပ် ယိုဘူးနှစ်ဘူးအပြင် ဓါတ်ပုံအယ်လ်ဘမ်အချို့နဲ့ မှတ်စုရေးထားတဲ့ စာအုပ်ဟောင်းအချို့ကိုပါ ပြန်ထည့်ပေးလိုက်လေတယ်။
မှတ်စုအတိုအထွာလေးတွေကတော့ ပေါ်ချန်းယိ ဆယ်ကျော်သက်အရွယ်တုန်းက ရေးခဲ့တာလေးတွေ ဖြစ်တယ်။
ဓါတ်ပုံအယ်လ်ဘမ်မှာတော့ ပေါ်ချန်းယိရဲ့. အသက်အရွယ်အလိုက် မှတ်တမ်းတင်ထားခဲ့တယ်။ ဓါတ်ပုံအများစုက ဆယ်နှစ်အောက်အရွယ်တုန်းက ပုံကလေးတွေဖြစ်ပြီး ထို့ထက်ပိုအသက်ကြီးလာလေလေ ဓါတ်ပုံအရေအတွက်က လျော့နည်းလာလေလေပင်။ စာမျက်နှာတစ်မျက်နှာချင်းစီကို တင်းရွှမ်က သေသေချာချာကြည့်နေခဲ့ပြီး ပေါ်ချန်းယိ တင်းနစ်ကစားနေတဲ့ပုံလေးကတော့ တင်းရွှမ်ရဲ့အာရုံတွေကို အမိအရကြီးဖမ်းစားနေခဲ့တယ်။ အချိန်တော်တော်ကြာတဲ့ထိတိုင်အောင် နောက်စာမျက်နှာကိုပင် မလှန်နိုင် ဖြစ်နေခဲ့တယ်။
ပုံရဲ့အောက်ခြေနားလေးမှာတော့ 'ဇွန် 21, 2003' ဆိုပြီး ရေးထားလေတယ်။
ထိုပုံလေးဟာ ပေါ်ချန်းယိ အသက် နှစ်ဆယ်ပြည့်ခါနီး အချိန်တုန်းက ပုံလေးဖြစ်တယ်။
"မိုက်လိုက်တာ..." တင်းရွှမ်နောက်ကနေ ဖြတ်သွားတဲ့ ကျူဝမ်ကျီက ထိုပုံလေးကိုမြင်သွားခဲ့တယ်။"ငါ့ရဲ့မရီးက ငယ်ငယ်တုန်းကဆို သိပ်ချောတာပဲနော်"
"ခုလည်း အသက်ငယ်ပါသေးတယ်" တင်းရွှမ်က နောက်စာမျက်နှာတစ်ခုကို လှန်လောနေခဲ့တယ်။ "ခုက ပိုတောင် ချောနေသေး"
"တော်ပြီ...ငါပါးစပ်ပိတ်ထားတော့မယ်...မရီးကထာဝရ နုပျိုနေတာပဲ...အဲ့လိုဆို ရပြီလား... ဪ...ကိုကြီး...အဖေကျွန်တော့်ကို မုန့်ဖိုးမဖြတ်တော့ဘူးတဲ့။ ငါနောက်လကျရင် ကျောင်းသွားကြည့်မှာ။ ကျောင်းတော်တော်များများကို လိုက်ကြည့်ဖြစ်မယ်ထင်တယ်။ ပြီးတော့လေ ကျောင်းတစ်ခုသွားကြည့်ပြီးတိုင်း ဒီကိုပြန်လာမှာမဟုတ်ဘူးရယ်... သွားလိုက်ပြန်လိုက်နဲ့ဆို ကထိကထများပြီး အလုပ်ရှုပ်လို့"
YOU ARE READING
မင်းနဲ့ကိုယ်ရဲ့အကွာအဝေး
RomanceAuthor - Gong Zi You Total Chapter (s) - 90 Chapters+ 3 Extras I don't own this story. I just make translation.