For unicode
At GI Rang Hight School
နွေရာသီအားလပ်ရက် ကျောင်းပိတ်ရက်တွေပြီး ကျောင်းစဖွင့်တဲ့နေ့ဖြစ်လို့ ကျောင်းသားကျောင်းသူတွေအပြည့်နဲ့ ကျောင်းတော်ကြီးဟာ စည်ကားနေလေသည်။
ကျောင်းသားကျောင်းသူတွေရဲ့အတက်ကြွဆုံးအချိန်က ကျောင်းစဖွင့်တဲ့ရက်နဲ့ ကျောင်းနောက်ဆုံးရက်ဆိုတော့ အခုစဖွင့်တဲ့ရက်မှာ လူစုံတက်စုံဖြစ်နေတာကြောင့် စကားပြောသံတွေနဲ့ဆူညံနေသည်။
Jiminတစ်ယောက် ဆူညံ့နေတဲ့ကျောင်းသားကျောင်းသူတွေကို ဖြတ်ကျော်ပြီး ဒီနှစ်အတွက်သူတက်ရမဲ့အတန်းကိုလိုက်ရှာကာ
အတန်းထဲကပဲ သူငယ်ချင်းတွေကို ထိုင်စောင့်နေလိုက်တော့သည်။Jiminက အနေအေးတဲ့သူမဟုတ်ပေမဲ့ တိတ်ဆိတ်တဲ့နေရာကိုသဘောကျတတ်တာကြောင့် နောက်ဆုံးတန်းရဲ့ရှေ့....
ပြတင်းပေါက်နားကခုံမှာပဲ နေရာယူလိုက်မ်ိသည်။မျက်လုံးထောင့်က လှုပ်ရှားမှုလေးကြောင့် ရုတ်တရက် ကြည့်လိုက်မိတော့ လွယ်အိတ်လေးကိုခုံပေါ်ထားပြီး ထွက်သားတဲ့ကောင်လေးတစ်ယောက်ကို မြင်လိုက်ရသည်။
မကြာမီပင် ရောက်လာတဲ့ သူငယ်ချင်းလေးနှစ်ယောက်ကြောင့် တိတ်ဆိတ်နေတဲ့သူ့ရဲ့မနက်ခင်းလေးအသက်ဝင်သွားသလို။
Jin-jimin ရောက်နေတာကြာပြီလား
Jimin-၁၀မိနစ်လောက်တော့ရှိပြီ ငါလည်း အပြင်မှာမစောင့်ချင်လို့အတန်းထဲမှာပဲစောင့်လိုက်တော့တာ
Yoon na-အခုကရော အပြင်သွားအုံးမှာလား ဒီမှာပဲထိုင်နေတော့မှာလား
Jimin-ဒီမှာပဲထိုင်နေရအောင်ပါ ခဏနေရင်ပဲကျောင်းတက်တော့မဲ့ဟာကို
Yoon na-ကောင်းပြီလေ နင်တို့သဘောပါ
Jinနဲ့ yoon naဆိုတာ jiminအတွက်တော့
အရင်းနှီးဆုံးသူငယ်ချင်းနှစ်ယောက်.
အလယ်တန်းမှာ စတွေ့ပြီး ခင်မင်ခဲ့ကြပေမဲ့ ငယ်ပေါင်းကြီးဖော်တွေလိုပင်
Yoon naကလည်းမိန်းကလေးတစ်ယောက်ဖြစ်ပေမဲ့ နုနုယွယွမဟုတ်ဘဲ ပေါ့ပေါ့ပါးပါးနှင့် ယောကျာ်းလေးတစ်ယောက်လိုပေါင်းလို့ရတဲ့သူငယ်ချင်းဖြစ်တော့ စိမ်းကားမနေ။
နဂိုကတည်းက ဟိုစပ်စပ်ဒီစပ်စပ်ပါတတ်သူဖြစ်တော့ ပေါင်းရသင်းရလွယ်ကူသူပင်။
YOU ARE READING
Just Friend(completed)