Ep...11

368 43 7
                                    

For Unicode

တစ်ရွေ့ရွေ့နဲ့ မောင်းနှင်လာလိုက်တဲ့ ကားလေးဟာ နောက်ဆုံးမှာတော့ Ansanမြို့သို့ ဆိုက်ရောက်သွားခဲ့ပြီဖြစ်သည်။

အိပ်ချင်မူးတူး​ြဖစ်နေသလို ကားမူးလာသည့် Jiminမှာ နှေးနှေးကွေးကွေးလေးလေးလံလံဖြစ်နေရှာသည်။

ပျို့တက်လာတာကြောင့် အပြင်လေကို အဝရှူရှိုက်ရန်လိုအပ်နေပြီဖြစ်တာကြောင့် ကားပေါ်ကအမြန်ဆင်းချင်နေပြီဖြစ်သော်လည်း လက်တစ်ချောင်းထောင်ရမှာပင် ပျင်းနေမိသလို၊ရှေ့ကလူတွေလည်း ဆင်းနေတုန်းဖြစ်တာကြောင့် မဆင်းနိုင်သေး။

"ကဲ ထတော့...တစ်လမ်းလုံးအိပ်လိုက်လာတာ ကာလနဂါးလေးကြနေတာပဲ"

ခပ်နောက်နောက်ပြောကာ လက်ကမ်းပေးနေတဲ့ Jinကြောင့် Jimin မျက်လုံးမှေးမှေးလေးကို ပြူးပြဲဖွင့်ရင်း သူ့လက်ကိုဆွဲကာ ထလိုက်ရသည်။

"သွားမယ်"

ကားပေါ်ကဆင်းဆင်းချင်း တိုက်ခတ်လာတဲ့ လေအဝှေ့မှာ မူးနောက်နောက်ဖြစ်နေသော စိတ်တွေတောင် ပေါ့ပါးလန်းဆန်းသွားရသည်။စိမ်းစိုနေသည့် ပတ်ဝန်းကျင်သည် ကားသံတညံညံ၊မီးခိုးနံ့တသင်းသင်းဖြစ်နေသည့် ပတ်ဝန်းကျင်ထက် လေထုကအစ အေးချမ်းမှုအဆုံး ကွာခြားနေသည်မှာတော့ သေချာသည်။

အသက်ပြင်းပြင်းရှူကာ လေကိုဝင်ချည်ထွက်ချည်ပြုလုပ်လိုက်ရင်း အန်ချင်စိတ်ကို ချုပ်တည်းနေရသည်။ကားပေါ်မှာတုန်းက ထွက်ကျတော့မတတ်ဖြစ်နေတာကို မနည်းထိန်းချုပ်လာရသည်။လူကြားထဲဆိုတော့ ရှက်တာလည်းပါသည်။

" နင်တို့ကားမူးကြသေးလား...ငါတော့ တစ်လမ်းလုံး Soo Hyungကိုပဲ ပြုစုနေရတယ်ဟယ်"

ညည်းညည်းညူညူပြောရင်း အနားရောက်လာတဲ့ Yoonnaက မဲ့ရွဲ့နေသည့်တိုင် Soo Hyungကို လက်ဆွဲထားသေးသည်။

Jimin သူ့ထက်ဆိုးတဲ့လူရှိသေးလို့ စိတ်သက်သာရာရမိသည်။သူတစ်ယောက်တည်းဖြစ်နေသလားလို့တွေးနေမိတာ။

"ငါတို့က အေးဆေးပဲ...အခုသက်သာပြီလား Soo hyung"

"အင်း သက်သာပြီ...ဒါပေမဲ့ နောက်ဘယ်တော့မှ ခရီးမလိုက်တော့ဘူး"

Just Friend(completed)Donde viven las historias. Descúbrelo ahora