For Unicode
ကျောင်းပိတ်ရက်တွေအတွင်း ဘာမှ မယ်မယ်ရရမလုပ်ဖြစ်သည့်အတွက် အနည်းငယ် စိတ်လေမိသည်။ထို့ကြောင့် ဟိုအရင်က အစ်ကိုဖြစ်သူနေခဲ့သည့် အခန်းအား ရှင်းလင်းကာ အကခန်းအဖြစ် ဖန်တီးလိုက်သည်။မှန်အကြီးကြီးတစ်ချပ်ကိုလည်း ဖေ့ဖေ့ကို ပူဆာမိသည်။
အခုတော့ သူ့ရဲ့ကိုယ်ပိုင်အကခန်းလေးဟာ အဆင်သင့်ဖြစ်နေပြီ။မိဘတွေနဲ့အတူ မနက်စာထမင်းစားပြီးနောက် ဧည့်ခန်းထဲ ဆိုဖာပေါ်တွင် မှောက်နေမိသည်။ဘာကြောင့်ရယ်မသိ ဒီနေ့ကျမှ ငိုက်နေမိတော့တာပဲ။
ဘောင်းဘီအိပ်ကပ်ထဲက ဖုန်းလေးကိုထုတ်ကြည့်လိုက်တော့ ပေါ်လာသည့် wallpaperလေးဟာ ချစ်စရာ။လွန်ခဲ့တဲ့ နှစ်တွေက သူရိုက်ခဲ့တဲ့ထိုပုံလေးအား galleryမွှေရင်း ပြန်တွေ့ခဲ့တာကြောင့် ထိုသို့ wallpaperထားမိြခင်းဖြစ်သည်။
သူငယ်ချင်းတွေနဲ့အတူ အလည်အပတ်သွားရင် ပန်းခြံတစ်ခု၏ ပန်းခင်းတွေနားတွင် ရိုက်ခဲ့သည့် ဓါတ်ပုံ။အထက်တန်းကျောင်းသားအရွယ်ဖြစ်သည့် သူဟာ ထိုအချိန် ငယ်ငယ်တုန်းကတော့ ကလေးလေး။လူပျိုပေါက်လေးပေါ့။
မှတ်မိပါသေးသည်။နားချင်ပြီဖြစ်သည့် TaeHyungကို အတင်းပူဆာပြီး ရိုက်ခိုင်းခဲ့တော့ TaeHyungခမျာ ငြူငြူစူစူနဲ့ပင်ရိုက်ပေးခဲ့ရတာ။
အခုတော့ TaeHyungကသူ့ကို အရင်လိုမချစ်တော့ပါ။အရင်လို ဖုန်းခဏခဏဆက်တာလည်းမလုပ်တော့သလို၊စာပို့တာလည်း မရှိတော့။Group chatထဲတွင်သာ ရံဖန်ရံခါစကားပြောဖြစ်သော်လည်း နှစ်ာက်တည်းတော့ စကားမပြောဖြစ်။
TaeHyungဘက်က ထိုသို့ပြုမူနေသည့်အတွက် Jiminလည်း မပျော်နိုင်ပါ။တစ်ခုခုလိုအပ်နေသလို၊တစ်ခုခုဆုံးရှုံးသွားသလို ခံစားမှုကြီးကို သူသိပ်မုန်းမိသည်။သူဖြစ်ချင်ခဲ့တာ ထိုအခြေအနေမျိုးမှ မဟုတ်ဘဲ။ဟိုအရင်လို ပျော်စရာကောင်းတဲ့ ဆက်ဆံရေးမျိုးအနေနဲ့သာ သူရှေ့ဆက်ချင်ခဲ့တာလေ။
လွမ်းသည်။သူ့ကို သည်းသည်းလှုပ် ဂရုစိုက်တတ်သည့် TaeHyungကို လွမ်းသည်။ရှောင်ဖယ်နေရင်း၊တွန်းထုတ်နေမိရင်း၊ထွက်ပြေးနေမိရင်းပင် TaeHyungရဲ့ ဂရုစိုက်မှုတွေကြား သူပျော်ဝင်ခဲ့မိသည်။
YOU ARE READING
Just Friend(completed)