For unicode
ကျွန်တော်တို့တွေလည်း အထက်တန်းပြီးဆုံးကာ တက္ကသိုလ်ဒုတိယနှစ်ပင် ရောက်နေပြီဖြစ်သည်။
တက္ကသိုလ်ရောက်တော့ Jiminဟာ ပိုပြီးကိုချောမောလှပလာတော့တာ ဘာမှမဆိုင်တဲ့ကျွန်တော့်မှာ ကြိတ်ပြီးသဝန်တိုနေရတဲ့အထိပဲ။
တစ်ခါတရံမှာ ယောကျာ်းဆန်တဲ့အကြည့်တွေ အမူအရာတွေနဲ့ လူတိုင်းရဲ့အာရုံကိုဖမ်းစားနိုင်သလို၊တစ်ခါတရံမှာ လှပပြီး ဆွဲဆောင်မှုရှိတဲ့ပုံတွေ ချစ်စရာကောင်းတဲ့အမူအရာတွေနဲ့ လူတိုင်းရဲ့အချစ်ကိုရယူတတ်သေးသည်။
တခြားလူတွေတော့ ဘယ်လိုခံစားရကြမှန်းမသိပေမဲ့
ဒီကလူမှာတော့ သူ့ရဲ့ အပြုအမူတွေကြား ရူးမတတ်။Major Kingတစ်ယောက်ဖြစ်တဲ့ ကျွန်တော့်ထက်တောင် သူကပိုမိုက်နေတယ်လို့ ကျွန်တော်တော့ထင်မိသည်။
အခုဆို သူ့မှာ fan girlတွေအပြင် fan boyတွေပါရှိနေပြီလေ။သူ့ကိုသဘောကျတဲ့လူတွေရဲ့ သုံးပုံတစ်ပုံလောက်ကလည်း ယောကျာ်းလေးတွေဖြစ်နေတာကြောင့် သူ့ကို ဗယုတ်သုတ်ခကောင်တွေလာမထိနိုင်အောင် ကျွန်တော့်မှာ အရိပ်တကြည့်ကြည့် ကြည့်နေရသည်။ခပ်သွက်သွက်မိန်းကလေးတွေရန်ကလည်းရှိသေး။ဒါပေမဲ့ သူသာတကယ်ဆန္ဒရှိရင် ကျွန်တော်ကဘာလုပ်နိုင်မှာတုန်း။သူပျော်ရင် ကျွန်တော်လည်းပျော်ပါတယ်လို့သာ ဖြေသိမ့်ရမှာပေါ့။
သူ့ရဲ့အကစွမ်းရည်ကလည်း အံ့မခန်းပင်။
ကျွန်တော်တို့မေဂျာရဲ့ အတော်ဆုံးကျောင်းသား ၃ယောက်ထဲ သူတစ်ယောက်ကလည်း အပါအဝင်ပင်။အတော်ဆုံးကျောင်းသား ၃ယောက်က Jung ho seok,Jung kookနဲ့ jiminဆိုတဲ့ ကျွန်တော့်အသက်လေးပင်။
Jung kookဟာလည်း ထင်မထားလောက်တောင် အရည်အချင်းရှိကာ Jiminနဲ့ Levelတူလောက်ပင်။သူတို့နှစ်ယောက်က အမြဲတမ်း အပြိုင်အဆိုင် ဒုတိယနေရာကို သူမသာကိုယ်မသာနဲ့ အမြဲလုနေတတ်သည်။အတော်ဆုံးကတော့ Jung hoseokဆိုတဲ့ကောင်လေး။ uniရောက်မှစသိပေမဲ့ အပြုံးချိုချိုလေးတွေနဲ့ အရမ်းဆွဲဆောင်မှုရှိတဲ့ hoseok။ စိတ်ထားကလည်း နတ်သားလေးတစ်ယောက်လိုကောင်းနေသေးသည်။
ကျွန်တော့်ကောင်လေးကိုမမှီပေမဲ့ သူဟာလည်း perfect manလို့ဆိုနိုင်တဲ့လူတစ်ယောက်။
STAI LEGGENDO
Just Friend(completed)