For Unicode
"Tae hyung အမှန်အတိုင်းပြောနော်...ငါတို့ကို လိမ်ဖို့မကြံနဲ့"
"ငါအတည်ပြောနေတာပါဟာ...နင်တို့က လည်း Jiminကြားရင် မလွယ်ဘူးနော်"
"မသိဘူး ငါတို့ သိချင်တာက နင်Jiminကို ချစ်လား မချစ်လားပဲ"
မျက်နှာတည်ကြီးတွေနဲ့ သိချင်တာကို မရရအောင် မေးနေကြသည့် Soo Hyungနဲ့ Yoonnaဟာဒီလိုကျပြန်တော့လည်း ကြောက်စရာ။သူလိမ်တာတောင် လိမ်မှန်းတန်းသိနေကြသည်မှာ အကြားမြင်ရနေသည့်အလား။
အမှန်အတိုင်းဖြေရမလား မဖြေရမလား ဝေခွဲမရတာကြောင့် သူ့မှာ ခြေမကိုင်မိ ၊လက်မကိုင်မိ ။ စူးစိုက်ကြည့်နေကြသည်မှာ သူပင် လန့်လာမိသည်အထိ။
"နောက်ဆုံးတစ်ခေါက်မေးမယ်...နင် Jiminကို ချစ်လား၊မချစ်ဘူးလား။နင်မချစ်ဘူးဆိုရင် ငါတို့သူ့ကို NamJoonနဲ့ အောင်သွယ်ပေးမလို့...သူတို့က လိုက်တယ်လေ...ဟုတ်တယ်မလား Soo Hyung"
Soo hyungကို အဖော်ခေါ်ကာ ပြောချင်ရာပြောနေသည့် Yoonnaကို သူလက်သီးပြမိသည်။ဘာတဲ့ NamJoonနဲ့ အောင်သွယ်ပေးအုံးမယ်။လိုက်တယ်တဲ့တောင်နေသေးတယ် အံ့ဩပါ့။Namjoonကို ဒေါသနဲ့ ကြည့်မိတော့လည်း
သူမဟုတ်ဘူးဆိုတဲ့ ပုံစံမျိုး လက်ခါပြနေသည်။"သေချင်တာလား...ဘယ်သူနဲ့မှ အောင်သွယ်စရာ မလိုဘူး။Minကငါ့လူပဲ"
သူ့စကားကြားတော့ မိန်းကလေးနှစ်ယောက်မပါ၊ကျန်တဲ့သူငယ်ချင်း ယောကျာ်းလေး အားလုံးဟာတော့ ပြူးပြူးပြဲပြဲ။Jinက Jung Kookကျောပြင်ကို တဖက်ဖက်ရိုက်ကာ အသဲယားကြောင်းပြောနေသည်။
Hoseokနဲ့ NamJoonက လည်း ကြိတ်ရယ်နေတဲ့အပြင် တစ်မိုးအောက်တစ်ယောက် Min YoonGiကပါ ပြုံးစိစိဖြစ်နေတော့ သူရှက်မိပြီလေ။
" Minတဲ့လား အဖြစ်သည်းလိုက်တာ...ပြောတော့ မချစ်ဘူးဆို"
"ချစ်တယ် အခုချစ်တယ်"
ရှက်ရှက်နဲ့ပင် မျက်စိစုံမှိတ်ကာ ဖြေလိုက်တော့ အားလုံးက တဟီးဟီးတဟားဟားနဲ့ ဝိုင်းရယ်ကြသည်။
"ချစ်ရင် သူ့ကိုရအောင် ကြိုးစားပေါ့...ဒီအတိုင်းငြိမ်နေလို့ကတော့ သူမိန်းမရသွားရင်တောင် မင်းသူ့ကိုချစ်တဲ့အကြောင်း ပြောလိုက်ရမှာမဟုတ်ဘူး"
YOU ARE READING
Just Friend(completed)