For unicode
ဒီရက်ပိုင်း အကဘက်မှာ အားစိုက်ဖြစ်နေလို့ စာဘက်မှာ အားနည်းနေသည်။နောက်ကျနေတဲ့ သင်ခန်းစာတွေကို လေ့လာနေချိန် အောက်ထပ်မှ အမေ့ရဲ့အသံကို ကြားလိုက်ရသည်။
"Jiminရေ ဧည့်သည်လာတယ်...ဘယ်သူတွေလဲ ထွက်ကြည့်ပါဦး"
ပျင်းတိပျင်းတွဲနဲ့ အောက်ထပ်ကို ဆင်းလာတော့ မြင်လိုက်ရတာက Soo Hyungနဲ့ Tae Hyung။
"ဘာလာလုပ်ကြတာလဲ"
"အမယ် ငြိုငြင်နေတဲ့ အသံကြီးနဲ့။ဘာလဲ မလာစေချင်တာလား"
"မဟုတ်ပါဘူး Soo Hyungရယ်။နင်တို့ကြည့်ရတာ အရမ်းများအားနေသလားလို့ပါ"
အငေါ်တူးပြီးပြောလိုက်တဲ့ သူ့စကားကြောင့် မျက်နှာဆူပုတ်သွားလေတဲ့ သူငယ်ချင်းမလေး။
"သားကလည်း စနေပြန်ပြီ"
"မစပါဘူး အမေရဲ့။အတည်ပြောနေတာပါ။ဒါနဲ့ Tae Hyungမင်းလည်း စာလုပ်တာကို မတွေ့ဘူးနော်၊အကရော ကျင့်ဖြစ်ရဲ့လား။ဟိုဟိုဒီဒီမှာ မင်းကို အမြဲတွေ့နေရသလိုပဲ"
စေတနာအပြည့်နဲ့ ဂရုစိုက်ပေးနေတာကို သိပ်အားနေတယ်ထင်နေတဲ့ Jiminခေါ်
Crushလေး။'ဟိုဟိုဒီဒီမှာ တွေ့နေရတာမဟုတ်ဘူး။
မင်းနောက်လိုက်နေလို့ မင်းရှိတဲ့ ပတ်ဝန်းကျင်တိုင်းမှာ မြင်နေရတာ' လို့
ပြောလိုက်ချင်ပေမဲ့ မပြောရဲပါ။"သူ့စကားကို စိတ်ထဲထားမနေကြနဲ့ ကလေးတွေ။မင်းတို့ သူငယ်ချင်းအကြောင်းကို သိတယ်မလား။အန်တီ သမီးတို့အတွက် မုန့်သွားယူလာပေးမယ်နော်"
'ကျွန်တော်ကူမယ်'ဟုဆိုကာ သူတို့အတွက် မုန့်သွားပြင်တဲ့ Jiminအမေရဲ့ နောက်ကို ပါသွားလေတဲ့ Tae Hyungကြောင့် Soo Hyung တစ်ယောက် သဘောအကျကြီး ကျနေလေသည်။
"ဘာတွေ ပြုံးနေတာလဲ မယ်မင်းကြီးမရဲ့"
Jiminကို မဲ့ပြလိုက်ပြီးကာမှ ပြောစရာရှိတာကို သတိရလေတဲ့ Soo Hyungက မျက်နှာချိုသွေးပြီး ပြုံးပြပြန်သည်။
"ဒါနဲ့လေ Jimin ငါ တစ်ခုလောက်မေးကြည့်ချင်တယ်"
"မေးလေ"
"အကယ်၍လေ နင့်ကို ယောကျာ်းလေးတစ်ယောက်ယောက်က သဘောကျတယ်ဆိုရင် နင်ဘယ်လိုလုပ်မလဲ...စဉ်းစားပေးမှာလား"
YOU ARE READING
Just Friend(completed)