Ep...19

340 40 2
                                    

For Unicode

ခြံဝန်းထဲတွင် ဟိုလျှောက်ဒီလျှောက်လျှောက်ရင်း အတွေးများနေသူ Jimin။သူ့အတွေးတွေကို ကြီးစိုးနေသည်ကတော့ TaeHyung၏ စကားများသာ။TaeHyungသူ့ကို မုန်းသွားလေမလားဆိုပြီး ကြောက်ရွွံ့နေမိတာဟာ သူ့အမှားများလုပ်ခဲ့မိလို့လား။

လမ်းလျှောက်နေတာကို ရပ်ကာ ခြံထဲက စားပွဲဝိုင်းလေးတွင် ဝင်ထိုင်လိုက်သည်။အရိပ်ရသည့်နေရာဖြစ်သော်လည်း သူ့အတွက်တော့ မအေးချမ်းနိုင်ပါ။

မချစ်ဘူးဆိုသည့် သူဟာ ဘာကြောင့်ဒီလောက်တောင် ပူလောင်နေရပါသလဲ။
အဖြေကတော့ ရှင်းပါတယ်။သူချစ်နေလို့ပေါ့။

ရုတ်တရက် ခေါင်းထဲဝင်လာတာက သူ့အစ်ကိုနဲ့ အစ်မ Yuri။Hyungကိုလည်း သတိရမိသား။

နယ်ကနေ ဆိုးလ်ကို ကျောင်းလာတက်တဲ့ သူ့ရဲ့ဝမ်းကွဲအစ်ကို။ကျောင်းဆောင်မှာ မနေဘဲ Jiminတို့ အိမ်ကတဆင့် ကျောင်းတက်တဲ့အတွက် ကျောင်းပိတ်ရက်တွေဆို အိမ်မှာ  Hyungသူငယ်ချင်းတွေ တရုန်းရုန်းနဲ့။
Jiminတို့နဲ့တောင် ရင်းနှီးခဲ့သေးသည်။

တစ်နေ့မှာတော့ HyungကJiminကို  သူ့ကောင်မလေးဆိုသူနဲ့မိတ်ဆက်ပေးလာတယ်။
အဲ့အချိန်တုန်းက Jiminက ကလေးဆိုတော့ မိတ်ဆက်ပေးတယ်ဆိုတာထက် သူ့ကို ပြောပြရုံပေါ့။

Hyungရဲ့ ချစ်သူက Yuri Noona ဖြစ်နေတော့ သူတောင် အံ့ဩခဲ့ရသေးတာ။

ကျောင်းပြီးတဲ့အချိန်ထိ လက်တွဲမဖြုတ်ခဲ့ကြတဲ့ Hyungတို့အတွဲက သူ့အတွက်တော့ စံပြပင်။တစ်ခါတရံ Hyungတို့ နှစ်ယောက်ဒိတ်တဲ့အခါ သူ့ကိုပါခေါ်သွားတတ်တာကြောင့် သူခိုးပြီးအားကျခဲ့ရတာ အခါခါ။

Hyungလက်ထပ်တော့မယ်လို့ ကြားတုန်းက Yuri Noonaနဲ့လက်ထပ်မယ်ထင်ပြီး သူဂုဏ်ပြုလိုက်မိသေးတယ်။ဒါပေမဲ့ Hyungလက်ထပ်ဖို့ စီစဉ်ခဲ့တာက အခြားတစ်ယောက်တဲ့။ချုပ်ချယ်လွန်းတဲ့ Hyungမိဘတွေကို ပထမဆုံးအနေနဲ့ သူစိတ်ပျက်မိသည်။

မိဘကိုမလွန်ဆန်နိုင်တဲ့ Hyungက Noonaကို အကြောင်းပြချက်မရှိ လမ်းခွဲခဲ့တာ သိပ်လွန်တာပဲ။

"ဒီလိုထားခဲ့ဖို့ ငါ့ကို ချစ်ရေးဆိုခဲ့တာလား။ချစ်တယ်ဆိုတာ အလိမ်အညာတွေပဲလား"

Just Friend(completed)Wo Geschichten leben. Entdecke jetzt