Part 1

11.5K 650 25
                                    

"ဟဲ့..အဲ့မှာ..မင်းသားငယ်ဝေ့ဝူရှန့်လေ...ကိုယ်လုံးလေးကိုကြည့်အုံး..အပြစ်ပြောစရာမရှိလှရက်လိုက်တာ  ...မျက်နှာကတော့အကျည်းတန်လေစွ....သူ့အစ်မနဲ့ကွာပ့....

"ဟုတ်ပ့..မင်းသမီးလေးရွှယ်ယွီကတော့မိဖုရား​ခေါင်လိုအရမ်းလှတာ...

"နိုင်ငံအများစုကမင်းသားတွေသခင်လေးတွေ..လိုချင်နေတာမဆန်းဘူးလေနော့်....

အခြွေအရံအစေခံတို့ရဲ့စကားတွေကရှန့်ရှန့်အတွက်သိပ်ပြီးအထိမနာစေတော့ဘူး.

..ငယ်ငယ်ကတည်းကကြားယောင်လာရတာမို့ကျင့်သားလဲရနေပါပြီ..

အစ်မတော်နဲ့အမြွာဖြစ်ပေမဲ့လို့ရုပ်ရည်ကတော့ကွာခြားလွန်းခဲ့တယ်...

..ရှန့်ရှန့်ကိုစိတ်ရင်းနဲ့ဂရုစိုက်တာမယ်မယ်ပန်းနတ်သမီးတစ်ယောက်ပဲရှိတာ...

သူကလဲကိုယ့်ကိုမွေးထားတဲ့အမေပေမို့သာ...ဖခမည်းတော်ကိုယ်တိုင်ကမလိုချင်မထွေးပွေ့ခဲ့တာမို့ဒီလိုစကားမျိုးလောက်ကတော့ဘာအရေးလဲလေ....

သူတို့ကိုအပြုံးလေးနဲ့သာတုံ့ပြန်ခဲ့ပြီးကိုယ်ပိုင်ဉယျာဉ်တော်ဆီထွက်လာခဲ့သည်.....

ကိုယ်ကမင်းသားတယောက်ဆိုပေမဲ့အစေခံတွေကိုလဲအမိန့်ဆန်ဆန်မဆက်ဆံခဲ့.

..အဲ့တာကိုအခွင့်ကောင်းယူကာ..အခိုင်းအစေတွေဆီကတောင်မနှစ်မြို့သလိုအကြည့်ခံခဲ့တယ်...

အမြွာနှစ်ယောက်သာဆိုတယ်..ဘဝပေးကတော့ကဲဲပါးလွန်းခဲ့တယ်...

အစ်မတော်ရွှယ်ယွီမှာတော့နန်းတွင်းတစ်ခုလုံးကသည်းသည်းလှုပ်ခံရတဲ့မင်းသမီးလေး...

ခမည်းတော်ကလဲအရေးပေးလွန်းတယ်...

ရှန့်ရှန့်ဆီမှာတော့မယ်တော်ပန်းနတ်သမီးနှင့်..စိတ်ရင်းနဲ့ဆက်ဆံပေးတဲ့နို့ထိန်းကြီးမာရယ်..ရီရီနဲ့စီးစီးဆိုတဲ့အစေခံမလေးနှစ်ယောက်ရယ်ပဲရှိတယ်....

.

အဲ့တာတွေကလဲရှန့်ရှန့်ရဲ့ရုပ်ရည်တခုထဲကြောင့်တော့မဟုခဲ့ဘူး...

မယ်မယ်ပန်းနတ်သမီးရဲ့အိပ်မက်တခုကြောင့်ပဲ...သူမကကိုယ်ဝန်မဆောင်နိုင်ခဲ့ဘူး..အိပ်မက်တခုမြင်မက်ပြီးချိန်.ရှန့်ရှန့်နဲ့အမတော်ယွီကိုကိုယ်ဝန်ရခဲ့တာ

🌼🌺.Real  Beauty🌼🌺(real love💚❤)(Completed)Where stories live. Discover now