Part 20(final)

7.2K 487 158
                                    

"အားးးးးးးးး

"မယ်မယ်ညှစ်ထားပါ..ခေါင်းမြင်နေရပြီး....


"အင်း..အီးးးးးး


ဒီအချိန်ကတော့သန်းခေါင်၁၂နာရီခန့်ရှိပြီ...

နေ့စေ့လစေ့နဲ့ရုတ်တရက်ဗိုက်နာသည်ဆိုတာကြောင့်အကုန်ပြာယာခတ်သွားကြသည်..

လန်ကျန့်.မီးဖွားဆောင်ရှေ့ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်းရသမှဘုရားစာသာရွတ်နေမိတော့သည်..

ဝူကျီးလေးကတော့သူ့ဘွား​တော်ရင်ခွင်ထဲတရှုံ့ရှုံ့ငိုနေသည်....


ခဏအကြာမှာတော့..


"အူဝဲ..အူဝဲ.....

"မွေး​ပြီ..မွေးပြီ..ယောကျ်ားလေး...


သမားတော်အကူတယောက်ထွက်လာ​ပြီးသန့်စင်ပြီးတဲ့အနှီးထုပ်လေးကိုအရှင့်လက်ထဲထည့်ပေးသည်...

ကလေးကနှခမ်းအောက်ကမှည့်လေးနဲ့ဝေ့ရင်းကိုယ်ပွားလေး....


"အားးးးးးး

ဖျော့တော့နေသောမိဖုရားရုတ်တရက်ထအော်လာသောကြောင့်လန်ကျန့်လန့်သွားပြီးကလေးပြုတ်ကျမလိုဖြစ်သွားတာကြောင့်အ​မြန်ထိန်းလိုက်ရသည်...


မိဖုရားအသံအောင်ချက်ကတော့.. သူတို့အတူနေရင်တောင်ရှက်လို့မထွက်သည့်အသံတွေခုမှလာစုနေသလို....


သမားတော်ကြီးကမသင်ကာလို့ဗိုက်ကြောလေးစမ်းတော့..ဟုတ်ပါရဲ့...နောက်တယောက်ရှိနေသေးတာပဲ....


မကြာခင်အဆောင်တံခါးပြန်ပိတ်သွားတာကြောင့်ဝင်မလို့လုပ်နေတဲ့အရှင်နှာခေါင်းကတံခါးနဲ့ဝမ်းဆက်....

ဒီနေ့မှတည်ငြိမ်သူကြီးကရာဇအိန္ဒြေမဆည်နိုင်ဘဲအရာရာနဲ့အကြောင်းကြောင်း....


"အူဝဲ...အူဝဲ....


"ဟယ်..ထွက်လာပြီ...မိန်းကလေးပဲ...

ကလေးကိုသန့်စင်ပြီးအရှင့်လက်ထဲလာထည့်ပေးပြန်သည်...


"မင်းသမီးလေးပါ...


အရှင်ကသားတော်လေးကိုယွီအာလက်ထဲပေးပြီးမင်းသမီးပေါက်စကိုချီလိုက်သည်....

🌼🌺.Real  Beauty🌼🌺(real love💚❤)(Completed)Where stories live. Discover now