Part 5

6.1K 568 67
                                    

တစ်လဆိုတဲ့အချိန်ကကုန်မှန်းမသိကုန်သွားပြီးအမြွာနှစ်ဉီး၁၈နှစ်ပြည့်ခဲ့ပြီ...နန်းတော်ကြီးမှာဂုဏ်ပြုညစာစားပွဲကိုခမ်းခမ်းနားနားပြုလုပ်ကြသည်....မနက်ဖြန်ဆိုလန်နိုင်ငံကိုအပို့ခံရတော့မာမို့စိတ်လှုပ်ရှားနေကြ၏...


"ကဲ..မယ်မယ့်ရဲ့ကလေးတွေ..ဘာလိုချင်လဲ..ကြိုက်တာတောင်းဆိုပါ....

"သမီးမယ်မယ့်ရဲ့မူပိုင်ပန်းမျိုးစုံရေမွှေးကိုတောင်းဆိုချင်ပါတယ်....

"ဟုတ်ပါပြီ..မနက်ဖြန်တခါတည်းထညွပေးလိုက်မယ်...

"မယ်တော်ရဲ့ရှန့်အာလေးကရောဘာတောင်းဆိုမှာလဲ...

"ရှန့်ရှန့်မယ်မယ်နဲ့ခမည်းတော်ဆီကထွေးပွေ့မှုလိုချင်ပါတယ်..တကြိမ်လောက်ပါပဲ..



မျက်လွှာလေးချကာပြောသည့်ကလေးကြောင့်ပန်းနတ်သမီးမှာရင်ထဲဆို့သွားရှာတယ်.

"အပိုတွေလုပ်နေတာပဲ...

"မင်းကြီး...သားတော်ဆန္ဒကိုတကြိမ်လောက်ပဲဖည့်စည်းပေးရအောင်ပါ..



မိဖုရားခေါင်ကပါတောင်းဆိုလာတော့ဝေ့ဘုရင်ကသက်ပြင်းချကာထွေးပွေ့ပေးလိုက်သည်...

ရှန့်ရှန့်ဝမ်းသာလွန့်လို့မျက်ရည်များကျလာသည်...

ကျေနပ်ပါပြီဒီဘဝအတွက်တော့...အခြားနိုင်ငံကိုမသွားခင်အကောင်းဆုံးလက်ဆောင်ကိုရလိုက်တာပါပဲ..ဝေ့ဘုရင်လဲရင်ထဲတမျိုးလေးခံစားလိုက်ရသည်...

မယ်တော်ကတော့နွေးထွေးစွာပွေ့ဖက်ကာ..ရှန့်အာရဲ့ဆံသားပျော့ပျော့လေးတွေကိုတချက်နမ်းရှိုက်လိုက်သည်...

"မနကိဖြန်ဆိုကလေးတို့ကအိမ်ထောင်ရက်သားကျတော့မှာ..မယ်မယ်တော့လွှမ်းနေတော့မာပဲ....


ဒီလိုနဲ့ညလေးတညကုန်ဆုံးသွားပြန်ပြီ..ရှန့်ရှန့်အတွက်တော့ပျော်ရွှင်ရတဲ့ညလေးပါပဲ....

ခမည်းတော်ရဲ့ရင်ခွင်ကတကယ်ကိုနွေးထွေးခဲ့တာ...

လက်ဆက်ပြီးရင်အဖေရင်ခွင်အစားခင်ပွန်းသည်ရဲ့ရင်ခွင်ကိုခိုလှုံရတော့မှာဆိုပေမဲ့ရှန့်ရှန့်အတွက်ကတော့မဖြစ်နိုင်ပြန်ဘူး...

🌼🌺.Real  Beauty🌼🌺(real love💚❤)(Completed)Where stories live. Discover now