ဒီနေ့ရာသီဉတုသာယာလှတာကြောင့်ရှန့်ရှန့်ရီရီတို့နှင့်အတူအနောက်နန်းဆောင်ဖက်လမ်းလျှောက်ထွက်လာမိသည်..
ရံရွှေတော်တွေအစားရီရီတို့စီးစီးတို့ကိုသာသူနဲ့အမြဲခေါ်သွားလေ့ရှိသည်..
"ရို့...ဘယ်သူများလဲလို့...ကြင်ယာတော်ဝေ့ပါလား....ဟက်..ဒီကိုဘာလာလုပ်တာလဲ....
"ဘာလာလုပ်လုပ်မင်းနဲ့ဘာဆိုင်လို့လဲ...
"နင်..ဘယ်တုန်းကပြန်ခံပြောတတ်သွားတာလဲ....
"ဒီမှာ..ရှန့်ရှန့်ကကိုယ်လုပ်တော်ယွဲ့ထက်ရာထူးကြီးတာသိပါတယ်နော်..
အရင်ကမလေးမစားလုပ်ခဲ့တာတွေသည်းခံတယ်ဆိုတာပြဿနာမဖြစ်ချင်လို့...လွန်မလာပါနဲ့..."နင်..နင့်ကိုမိဖုရားနဲ့တိုင်ပြောမယ်....
"မိဖုရားအားကိုးနဲ့ပြဿနာရှာနေတာပဲ...အခုငါမကြောက်တော့ဘူး...
အနောက်နန်းဆောင်မှာအေးဆေးနေချင်သေးရင်ရှန့်ရှန့်စိတ်ကိုလာမဆွကြပါနဲ့တော့...
ရီရီ..စီးစီး..သွားမယ်..ဒီနေရာကလေထုမကောင်းဘူး.."
"ကောင်းပါပြီကြင်ယာတော်လေး....
ရှန့်ရှန့်နန်းတော်ရောက်နေတာနှစ်လရှိပြီ
..ဒီအတောအတွင်းမိဖုရားလက်အောက်ကခွေးလေးတွေကအားကိုးရှိလို့ဟောင်နေကြတာ...
သည်းခံပြီးရင်းသည်းခံခဲ့တယိ...ဒီကြားထဲအရှင်နဲ့လဲပိုရင်းနှီးလာတယ်..
အရင်လိုနေရမခက်တော့ဘူး...
မိဖုရားကလဲရှန့်ရှန့်ကိုအရီင်နဲ့မပတ်သက်ဖို့ပြောပြီးကိုယ်ထိလက်ရောက်လုပ်သည်....
အရှင်နဲ့စကားပြောတိုင်းရှန့်ရှန့်သတ္တိတွေရလာသည်.
.အခုဆိုကိုယ့်ကိုယ်ကိုသိမ်ငယ်စိတ်ကိုထိန်းနိုင်ပြီး.ကိုယ့်ထက်အငယ်တွေအနိုင်ကျင့်တာကိုသည်းမခံချင်တော့ပေ.....
"ကြင်ယာတော်လေး..ခုနကလုပ်တာအရမ်းကောင်းတာပဲ..စီးစီးတို့တောင်အံသြသွားတယ်...
"အာ..ရှန့်ရှန့်လဲရန်မလိုချင်ပါဘူး..သူတို့ကဘာလို့မုန်းနေကြလဲမသိဘူး...
BINABASA MO ANG
🌼🌺.Real Beauty🌼🌺(real love💚❤)(Completed)
Historical FictionYizhan(Mpreg) လန်ဝမ့်ကျီး +ဝေ့ဝူရှန့် သိချင်ရင်ဝင်ဖတ်😒😂