Part 6

6.2K 592 59
                                    

နံနက်ခင်းအချိန်ရှန့်ရှန့်နိုးလာတော့ဘေးမှာဘယ်သူမှရှိမနေ....


"ကြင်ယာတော်လေး..မိဖုရားကတွေ့ခွင့်တောင်းနေပါတယ်...


"ဝင်လာခိုင်းလိုက်ပါ....


သူ့ခွင့်ပြုချက်ရတာနဲ့တံခါးပွင့်လာပြီးအစ်မတော်ယွီကဝင်လာတယ်..

ဝတ်စုံကစမိဖုရားတစ်ပါးရဲ့ဂုဏ်ရောင်ဂုဏ်ဝါနှင့်ကျက်သရေရှိလှသည်...

မျက်နှာထားကတည်လျက်ဟန်မူပိုလွန်းသည်...

သူမကရောက်တာနှင့်ကုတင်ပေါ်ကိုအကဲခတ်ပြီးသူ့တကိုယ်လုံးကိုလဲအစုန်အဆန်ကြည့်နေတာမို့ရှန့်ရှန့်မလုံမလဲဖစ်သွားရသည်..

.ဘယ်လိုပဲအစ်မဆိုဆိုပေါ့..အတွင်းဝတ်နဲ့ကိုယ့်ကိုအဲ့လောက်ကြည့်စရာလိုလို့လား...

သေချာကြည့်ပြီးဘာမှထူးခြားချက်မရှိသည့်အခါမှရွှယ်ယွဖိမျက်နှာထားကပြေလျော့သွားကာစိတ်ကြည်သွားပုံရသည်...

တဆိတ်လောက်...ရှန့်ရှန့်ဘာမှကိုနားမလည်တော့ဘူး...


"ထင်သားပဲ..ငါကိုကတုံးတာပါ...

"အမတော်ယွီ..ဘာအရေးကိစ္စများရှိလို့လဲ...


"ဘာကိုအမတော်ယွီလဲ..မိဖုရားယွီလို့ခေါ်..နင်အကြီးကိုမလေးမစားနဲ့...


"ဟုတ်..မိဖုရားယွီ..

"ညကအရှင်နင်နဲ့အိပ်ဆောင်ဝင်သလားလို့လာစစ်ဆေးတာ..နင်ကဘာမှဖြစ်မနေဘူးဆိုတော့ငါစိတ်ချပြီ....


သူ့ကိုပြောပြီးခေါင်းမော့ရင်ကော့ကာထွက်သွားသူကိုမနိုင်သလိုကြည့်လိုက်မိသည်..

.ရှန့်ရှန့်လဲရေချိုးချင်လာတာကြောင့်အစေခံတွေကိုပြောလိုက်တော့...

"ကြင်ယာတော်လေးရေချိုးဖို့ပြင်ဆင်ပေးပါ့မယ်.....

"အွန်း...


ရေချ်ုးပြီးတာနဲ့​​ပြင်ဆင်​ပေး​သောအစိမ်းနုရောင်ဝတ်ရုံကိုဝတ်ဆင်လိုက်ပြီးဆံသားလေးတွေအားတစ်ဝက်ချည်ထုံးကာရိုးရှင်းတဲ့ကျောက်စိမ်းဆံထိုးလေးကိုထိုးလိုက်တော့ရိုးရှင်းလှပလေသည်...

🌼🌺.Real  Beauty🌼🌺(real love💚❤)(Completed)Where stories live. Discover now