Part 9

6.6K 557 177
                                    

ညနေရောက်တော့မယ်တော်ကြီးရဲ့အထိန်းတော်တွေကဝတ်စုံလာပေးသောကြောင့်စီးစီးတို့ကိုယူခိုင်းကာရေချိုးပြင်ဆင်နေလိုက်သည်...

ဝတ်စုံကိုဝတ်လိုက်ပြီးသူ့ရဲ့မူပိုင်စပ်ထားတဲ့ရေမွှေးကိုဆွတ်လိုက်သည်...

ကိုယ်နှစ်သက်တဲ့အနံမျိုးဖြင့်ကိုယ်ပိုင်ရေမွှေးကိုတော်ဝင်မျိုးနွယ်တိုင်းပြုလုပ်ကြသည်..

ပန်းနတ်သမီးရဲ့ပန်းမျိုးစုံရေမွှေးကနာမည်အကြီးဆုံးဖြစ်ပြီးလူတိုင်းကမဖော်စပ်နိုင်ကြပေ...

အမတေယ်ယွီကအဲ့တာကြောင့်မွေးနေ့တုန်းကတောင်းခဲ့ခြင်းဖြစ်သည်..

ရှန့်ရှန့်ကတော့ကြာပန်းရနံကိုသာသုံးထားပြီးအေးချမ်းသင်းပျံလေသည်....

ကြင်ယာတော်ဝတ်ရုံပန်းသွေးရောင်ကိုကြောင်မိစ္ဆာပျိုလေးလိုမျက်နှာဖုံးအဖြူအနီအစင်းကျားလေးနှင့်ဝတ်ဆင်တော့သူ့လှပမှုကိုကြည့်ကာအထိန်းတော်တွေငုတ်တုတ်မေ့နေလေသည်....

ပန်းဆံထိုးကိုထိုးထားပြီးနားသယ်စပ်နားကဆံနွယ်ကောက်ကောက်လေးတွေ..အင်မတန်ကျက်သရေရှိလှသည်...

ဒါတောင်မျက်နှာဖုံးတပ်ထားရလို့သာ.

.မျက်နှာပေါ်ကအရာတွေသာပျောက်သွားရင်ထိုနေရာတင်သေသွားလောက်သည်...


"စီးစီး..ရီရီ...!!!

"ဟုတ်.ဟုတ်..ကြင်ယာတော်လေး...

"ခေါ်နေတာကြာပြီ..ဘာတွေဒီလောက်ငေးနေတာလဲ...

".​ကြင်ယာတော်လေးဒီနေ့အရမ်းလှတာပဲ..အရှင်တော့ဘယ်လိုနေမလဲမသိဘူး..အဟိ...

"ဟွန့်..ဒီအတိုင်းပဲကို...


ပွဲတော်ချိန်နီးလာတော့အရှင်ကပြောသညွအတိုင်းသူ့အားလာခေါ်၏...နဂါးဝတ်ရုံအနီနှင့်လိုက်ဖက်စွာရွှေရောင်မကိုဋ်ကိုဆံနွယ်ပေါ်ဝတ်ဆင်ထားသည်..

"အရှင့်ကိုရှန့်အာဂါဝရပြုပါတယ်..

".................



ကြည့်ပြန်ပြီနောက်တယောက်..ဘာတွေဒီလောက်ကြည့်စရာရှိနေလို့တုန်း..ရှန့်ရှန့်ကိုတကိုယ်လုံအစုန်အဆန်ကြည့်ပြီးဝါးစားမတတ်ငေးနေတာကြက်သီးတောင်ထတယ်...

🌼🌺.Real  Beauty🌼🌺(real love💚❤)(Completed)Where stories live. Discover now