Chapter<59> တိုက်ခန်းထဲမှအဖြေ

118 28 0
                                    

Zawgyi

မှုခင်းကောင်စီမှဖြစ်ရပ်များကိုမသိသေးသော ပိုင်ချီမင်မှာ အရှေ့ရိပ်သာလမ်းသွယ် ၂ အတွင်း ယောင်လည်လည်လျှောက်သွားနေရင်း ခဲဆိုပေးခဲ့သည့်လိပ်စာအတိုင်း ဟိုလူအားမေးမြန်း ဒီလူထံစုံစမ်းရင်းဖြင့်ရောက်ရှိသွားခဲ့လေ၏။ တိုက်အမြင့်၏လှေကားထစ်များပေါ်သို့ခြေတိုအောင်တက်လာရပြီးနောက်တွင် လိပ်စာတွင်ပါသော တိုက်ခန်းကိုမြင်ရပြီ။ တိုက်ခန်းနံရံများပေါ်တွင် ဆေးရောင်များပြယ်လွင့်နေကာ ကလေးများဟိုသည်လျှောက်ခြစ်ထားသောအရုပ်များဖြင့် ညစ်ပေနေ၍ ကြည့်ချင်စရာ၊နေချင်စဖွယ်တစ်စက်ပင်မရှိသော အခန်းပင်ဖြစ်သည်။

ပိုင်ချီမင်က သော့ကိုဖင်တပြန်ခေါင်းတပြန်ထိုးနေစဉ် အပေါ်ထပ်လှေကားမှတစ်ဆင့်လူတစ်ယောက်ဆင်းလာ၏။ သူနှင့်အတူ ရုပ်ဆိုးလှသောခွေးဘီလူးပေါက်စလေးတစ်ကောင်လည်းပါလာသည်။ အခန်းတံခါးဝတွင်ခေါင်းကုပ်ဖင်ကုပ်လုပ်နေသောသူ့ကိုမြင်သည့်အခါ အနှီလူကသတိထားမိဟန်ရပြီး သူ၏ပုခုံးကိုပုတ်လာ၏။

"ဟေး...!အကူအညီလိုလား"

သူသည်အထိအတွေ့ကြောင့်လှည့်ကြည့်လိုက်သည့်အခါ ထိုလူကအံ့သြသွားဟန်ဖြင့် မျက်ခုံးပင့်သည်။

"ဘယ်သူများလဲလို့....သူအလုပ်သွားတယ်ထင်တယ်...ခင်ဗျားသူ့ကိုနီတီဇင်မှာသွားတွေ့သင့်တယ်"

ပိုင်ချီမင်မှာနားထောင်ကြည့်လေ ပို၍ပင်ထူးဆန်းလာလေဖြစ်လာသောကြောင့် မေးခွန်းအနည်းငယ်မေးမြန်းလိုက်၏။

"ခင်ဗျား..ကျွန်တော့်ကိုသိလား"

ထိုလူက သူ့အားအချိန်အနည်းငယ်စိုက်ကြည့်ကာ တဟားဟားအော်ရယ်လာ၏။ သူ့အားစနောက်ကျီစယ်နေသည်ဟုအထင်မှတ်သွားသောကြောင့် သဘောတကျရယ်နေသည့်ဟန်မျိုးဖြစ်သည်။ သို့ရာတွင်ထိုလူကဆက်မပြောပါချေ ။ သူ့အားလာရင်းအကြောင်းကိုမေးလာ၏။ ပိုင်ချီမင်ကချော်လဲရောထိုင်လုပ်ရာတွင်အင်မတန်ကျွမ်းကျင်သောကြောင့် ကိစ္စအနည်းငယ်ရှိကြောင်းသာပြန်ဖြေလိုက်သည်။ ထိုလူကစေတနာကောင်းစွာဖြင့်သူ့အား အခန်းတံခါးကိုပင်ဖွင့်ပေးသွားသေးသည်။

The Immortal World:Starway(The Legends Of Sorrowless Capital)Where stories live. Discover now