Chapter<37> အနီးကပ်ပြဇာတ်

226 43 0
                                    

Zawgyi

"မင်းကို ဘယ်သူက ပိုင်ကောလက်ကိုကိုင်ခွင့်ပေးထားတာလဲ"

အသိစိတ်နှင့်ဦးနှောက်ကပြန်ကပ်သွားပြီး ဇွန်ဆေးအသံကိုကြားလိုက်ရသည့်အခိုက်ဟူဝေမုန်သည် ကြမ်းပြင်ထက်တွင်သွေးထွက်နေသည့်နှုတ်ခမ်းကိုကိုင်ကာ စူးစူးဝါးဝါးဖြင့်အနောက်ဘက်အားစိုက်ကြည့်နေ၏။ ဇွန်ဆေးကား သူ့လက်သူပွတ်သပ်နေပြီး မြေကြီးထက်မှဟူဝေမုန်ကိုမျက်ဆံလှန်ကြည့်နေသည်။ မထီမဲ့မြင်ပြုနေသည့်အလား။ ပိုင်ချီမင်မှာကြောင်အန်းနေသောမျက်လုံးများဖြင့်တစ်လှည့်စီကြည့်ကာသက်ပြင်းချ သည်။

ကလော့ဆေးအကျဉ်းထောင်၏နေ့စဉ်ပြဇာတ်တိုင်းဟူဝေမုန်မပါ၍မပြီးပေ။ သူသည်ကား အကြမ်းဆန်သည့်ဗီလိန်ဇာတ်ကောင်ကိုအပြည့်အဝသရုပ်ဆောင်နိုင်သည်။ သို့ရာတွင် ဇွန်ဆေးပေါ်လာသည့်အခါထိုပြဇာတ်ခုံပေါ်မှမြင်မကောင်းစွာဆွဲချ ခံရရှာ၏။သနားစဖွယ်ကောင်းလိုက်လေခြင်း။

လူကြမ်းကြီးဟူဝေမုန်မှာမလျှော့သောဇွဲနှင့်ကြမ်းပြင်မှထလာသည်။ သူ၏စည်းမရှိသောပါးစပ်မှနားကြားပြင်းကပ်ဖွယ်စကားလုံးများထွက်မလာခင် ပိုင်ချီမင်ကအရင်ပြောနှင့်လိုက်သည်။

"ဟေ့....ကျွန်တော်ပြောစရာရှိတယ်"

"....."

"ခင်ဗျားဒီကိစ္စနဲ့ကျွန်တော့်ကိုမသင်္ကာဖြစ်နေရင်မှုခင်းကောင်စီကိုတိုင်လို့ရတယ်...ဒါပေမယ့် ဒီတစ်ခါအပေးအယူရှိတယ်...ဒီကိစ္စကကျွန်တော်နဲ့မပတ်သတ်ဘူးဆိုရင် အယူခံဝင်မယ့်ကိစ္စကိုထောက်ခံပေးရမယ်...ကျွန်တော့်ဘက်ကလက်ဆုပ်လက်ကိုင်မပြနိုင်တော့ရင် ကလော့ဆေးမှာနေ့စေ့တဲ့အထိဆက်နေမယ်....ထပ်ပြီးအယူခံဝင်ဖို့မတောင်းဆိုတော့ဘူး"

ဟူဝေမုန်ကားရုတ်တရက်ငြိမ်ကျသွားသည်။ တွန့်ကုပ်နေသောမျက်ခုံးတို့သည် တစ်စုံတစ်ရာကိုအလေးအနက်ထားစဉ်းစားနေပုံရ၏။ ထို့နောက်သူသည်နှုတ်ခမ်းကိုမဲ့လျက် တုံ့ပြန်လာသည်။

"ကောင်းပြီလေ...မင်းစကားနဲ့မင်းပဲ..."

၎င်းအပြီးဟူဝေမုန်နှင့်သူ၏အခိုင်းအစေတစ်သိုက်တို့မှာ ပိုင်ချီမင်၏အခန်းရှေ့မှစောင့်ကြွားကြွားအမူအရာနှင့်ထွက်သွားကြတော့၏။ ထိုသူတို့ထွက်သွားသည့်အခါမှပိုင်ချီမင် သက်ပြင်းချနိုင်ပြီးဇွန်ဆေးဘက်လှည့်ကြည့်လာသည်။

The Immortal World:Starway(The Legends Of Sorrowless Capital)Where stories live. Discover now