Zawgyi
ချင်ရှားယုသည်အတန်ကြာအောင်ငေးငိုင်နေမိပြီး သူ၏လက်ကိုတစ်ယောက်ယောက်က အနည်းငယ်လွှဲယမ်းလိုက်သည့်အခါမှသာ နဂိုလောကသို့ပြန်ရောက်လာ၏။ ထိုအခိုက် အေးတိအေးစက်စကားသံကထပ်မံထွက်ပေါ်လာပြန်သည်။
"မင်းပြောသလို ဇီးရိုးပဲဖြစ်နေမယ်ဆိုရင်တော့ ဒီလိုကြွက်မျိုးကိုအရှင်အတိုင်းဘယ်ထားနေပါ့မလဲ"
အောက်ဘက်ရှိအခြေအနေမှာတိတ်ဆိတ်သွားခဲ့ပြီး ဘေးပတ်လည်တွင် လေအေးများတိုက်ခတ်နေသည့်အလား ကျောချမ်းဖွယ်အတိ။ တစ်ဖက်လူအားဆုပ်ကိုင်ထားသောသူ၏လက်ချောင်းများကပြေလျော့သွားခဲ့ကာ လွှတ်ပေးလိုက်တော့သည်။ သခင်ဆိုသည့်အနှီလူကသူ၏လက်ချောင်းများကိုတစ်ချက်ခန့်ကြည့်ကာရွံရှာဟန်ဖြင့်အဝတ်စတစ်ခုဖြင့်ပွတ်သုတ်နေသေးသည်။ ထို့နောက်တွင် မတ်တပ်ရပ်လိုက်ပြီး အနည်းငယ်ငြီးငွေ့နေသံဖြင့်ဆိုလာ၏။
"ဇီးရိုးကပိုင်ချီမင်အပေါ် ဘယ်လောက်ပဲရန်စချင်ပါစေ...သူကိုယ်တိုင်တော့ငရဲပြည်ခုန်ဆင်းဦးမှာမဟုတ်သေးဘူး...အထက်ပိုင်းလောကက ငါတို့ကိုဆွဲချချင်နေတာ ဒီလောက်ဆန္ဒပြင်းပြနေမှန်းမသိခဲ့ပါလား..."
သခင်ဆိုသူကဝတ်ရုံလက်ကိုလွှဲယမ်းပြီးနောက် အနောက်ဘက်သို့တစ်ချက်ပင်စောင်းငဲ့ကြည့်မနေ
တော့ပဲထွက်ခွာသွားခဲ့လေ၏။ ဒူးထောက်နေခဲ့သည့်လူသည်ရုတ်တရက် အံ့သြသွားဟန်ဖြင့်အထိတ်
တလန့်အော်ဟစ်လာသည်။"သခင်!...ကျွန်တော်ပါးစပ်ပိတ်နေပါ့မယ်...! ဒါတွေအကုန်လုံးက ဇီးရိုးလုပ်ခဲ့တာပါ...တကယ်ဇီးရိုးလက်ချက်တွေပါ...!"
မည်မျှပင်လည်ချောင်းကွဲအောင်အော်နေခဲ့ပါစေ။ နံဘေးမှလူအချို့ကသူ့အား မြေပြင်တွင်တရွတ်
တိုက်ဆွဲခေါ်သွားခဲ့ကြလေ၏။ ပိုင်ချီမင်ကအနည်းငယ်လှုပ်ရှားကြည့်ရန်ပြင်စဉ် ချင်ရှားယုကလက်တစ်ဖက်ဖြင့်သူ၏လက်မောင်းကိုဆုပ်ကိုင်ကာခေါင်းယမ်းပြလာသည်။အောက်ဘက်တွင်အခြေအနေများငြိမ်သက်သွားသည့်အခါ သူတို့နှစ်ယောက်အလျှင်အမြန်ဆင်းလာ
ကြကာ ထိုလူများအနောက်သို့လိုက်သွားကြည့်ခဲ့ကြသည်။
YOU ARE READING
The Immortal World:Starway(The Legends Of Sorrowless Capital)
AdventureS2 Picture from Pinterest