Chapter<77> မီးပွား

132 20 0
                                    

Zawgyi

မေလ၏ဆယ့်ငါးရက်မြောက်နေ့တွင်ဖြစ်သည်။

မိုးဖွဲလေးများကတောင်တန်းမှမြူခိုးများနှင့်ရောထွေးကာ ခပ်ပါးပါးကျဆင်းနေ၏။ ကောင်းကင်ယံတွင်ညို့မှိုင်းသောမိုးတိမ်လွှာများခြံရံသိုင်းကာထား၍ ပတ်ဝန်းကျင်တခွင်အုံ့ဆိုင်းနေသည်။

အလုပ်သမားများ၏စုပေါင်းအင်အားကြောင့် စီမံကိန်းမှာဆယ်ရက်ကျော်နှင့်ရုပ်လုံးပေါ်လာပြီး တစ်နှစ်ကုန်သည်နှင့်ပြီးစီးမည်ဟုခန့်မှန်းရသည်။ ရာသီဥတုအေးစိမ့်သောကြောင့် ဆီးသွားချင်စိတ်ကိုထိန်းသိမ်းထားရန်ခက်ခဲလှ၏။ စီမံကိန်းဆောက်လုပ်ရာတစ်ဖက်ခြမ်းတွင် တောအုပ်ငယ်လေးတစ်ခုရှိသည်။ ဆောက်လုပ်ရေးတွင် သန့်စင်ခန်းများထားရှိကြပေးသော်ငြား စည်းကမ်းမဲ့သောအချို့အလုပ်သမားများကမူ အဆိုပါတောအုပ်ထဲသို့ ပြီးစလွယ်ဝင်၍ အပေါ့အလေးစွန့်တတ်ကြပေသည်။

ကောင်းဘွိုင်ဦးထုပ်နှင့် တောခေါင်းပုံစံဝတ်ဆင်ထားသော နိုင်ငံခြားသားတစ်ယောက်သည် သစ်ပင်နှင့်ခြုံနွယ်များအထပ်ထပ်ရစ်ပတ်နေသော တောအုပ်တွင်းသို့ဝင်ရောက်လာ၏။ လက်ထဲတွင် ဟောင်းနွမ်းနေသောမြေပုံစာရွက်တစ်ရွက်ကိုကိုင်လာသည်။

တစ်နာရီကြာမြင့်ပြီးနောက် သစ်ပင်တစ်ပင်အခြေတွင်ထိုင်ချလိုက်ကာမြေပုံစာရွက်ကိုတစ်ချက်ခန့်ကြည့်သည်။ မြေပုံမှာမှင်ရောင်များပင်မှိန်ဖျော့နေပြီး စာရွက်အရောင်မှာဝါကျင်ကျင်ဖြစ်နေပြီ။ အနှီသူကလေပူကိုမှုတ်ထုတ်ကာ ခါးတွင်ချိတ်ထားသော ရေဘူးကိုအဖုံးဖွင့်၍တစ်ငုံမော့သောမိုးဖွဲလေးများကခပ်နက်ပြာရောင်မိုးကာအင်္ကျီပေါ်သို့ ရေစက်လေးများတပေါက်ပေါက်ကျနေသည်။ အနှီသူကချွေးနှင့်မိုးရေများရောနေသည့် နဖူးပြင်ကိုဖိသုတ်လိုက်ရင်း တိုးလျစွာရေရွတ်လိုက်မိ၏။

"ဘယ်အထိဆက်သွားရဦးမှာလဲ"

ထိုအခိုက် သူနှင့်မလှမ်းလှသောနေရာမှ အရိပ်တစ်ခုဖြတ်ပြေးသွားပုံရပြီး ချူံပင်ကလှုပ်ယမ်းသွားခဲ့သည်။ နိုင်ငံခြားသား၏မျက်လုံးများမှာပြူးကျယ်သွားပြီး ထိုင်နေရာမှချက်ချင်းထရပ်လိုက်၏။ ညာဘက်ခါးပေါ်မှ အသင့်ကိုင်ဆောင်နေကျ လက်နက်တစ်မျိုးပေါ်တွင်လက်တင်လိုက်ပြီး အသင့်အနေအထားဖြင့် စူးစမ်းနေသည်။

The Immortal World:Starway(The Legends Of Sorrowless Capital)Where stories live. Discover now