4🌼

1.4K 67 0
                                    

သစ္စာရှင် ချစ်ဇနီး
Season-2

အပိုင်း-(၄)

~~~အခုချိန်ကစပြီး ရှင်နဲ့ ပတ်သတ်မိနေတဲ့ မျော်လင့်ချက်တေကို ရိုက်ချိုးပစ်လိုက်တော့မယ် ကိုးကိုး ကျွန်မနဲ့ရှင်က ဆုံမှတ်မရှိတဲ့ မျဥ်းပြိုင်လိုပဲ
ရှင်ပေးခဲ့တဲ့ ဒီဆွဲကြိုးလေးကအစ ကျွန်မကိုယ်ပေါ်မှာ ပတ်သက်ခွင့်မပေးတော့ဘူး ရှင့်ကိုမုန်းတယ်......~~~

1hour ago>>>

""ဟျောင့် ကိုးနှစ်လုံး""

ခန်းမထဲဝင်သွားတာနဲ့ ဟိန်းအော်လိုက်တဲ့အသံကြောင့် အခြားသူများကတောင် လှည့်ကြည့်လာကြသည်။တော်သေးသည်ပြောရမလား အချိန်က စောနေသည်မို့ လူသိပ်မရောက်ကြသေး။ အာခေါင်ပြဲပြဲနှင့် ဖြဲအော်သည့်သူက အထက်တန်းကျောင်းက အတန်းခေါင်းဆောင်တစ်ယောက်။ ခပ်ဝ ဝခန္ဓာကိုယ်နှင့် ဘီယာဗိုက်က အနည်းငယ်ထွက်နေကာ အရင်ကျောင်းတုန်းကလို နဖူးကပြောင်နေဆဲ။ဖော်ရွေမှုမှာ စံပြကြောင့် ကိုး တချက်ပြန်ပြုံးပြကာ

""မင်းကရော စီးပွားရေးတေ လုပ်နေပြီပေါ့ တိုးနိုင်""

""ဟားဟား.....မဟုတ်ရပါဘူးကွာ ငါဒီကိုရောက်လာတာ ငါ့မိန်းမကြောင့်ကွ ငါမိန်းမက စီးပွားရေးဝါသနာပါတယ်လေ အထူးသဖြင့် ခန နေရင် ဖွင့်တော့မဲ့ လေလံတင်ပွဲကိုပေါ့""

""ဆိုလိုတာက မင်းက မိန်းမအလိုကျ လိုက်လာပေးတါလား မခွဲနိုင်လို့ လိုက်လာတာလား""

""ငါမနေနိုင်လို့ပါကွာ ငါ့မိန်းမက ချောတော့ စိတ်ပူရတယ် အဟား....ဟား....မင်းရဲ့သတင်းတေလည်း ကြားသားပဲ တော်တော်အောင်မြင်နေသားပဲ မင်းကုမ္မဏီက!""

""ငါ့ကုမ္မဏီမဟုတ်ပါဘူး ယောရဲ့ကုမ္မဏီ""

""ယော!??""

ပုခုံးချင်းဖက်ထားရင်းမှ သူ့ထက်အရပ်မြင့်သည့် ကိုးကိုးအား တိုးနိုင် မော့၍မေးသည်။နှစ်ဦးသား အစားအသောက်ထားရာနေရာသို့လျှောက်လာကြပြီး အစားအသောက်တန်းကိုမှ ကျော်လွန်၍ VIPခုံတွင် ဝင်ထိုင်ကြသည်။

""အင်း ယောဇက်.... နာမည်အရင်းက ထိကရုန်း""

""အာ မင်းပြောတာ ဟို အမာရွတ်နဲ့ကောင်ကိုပြောတာလား""

သစ္စာရှင်ချစ်ဇနီး Season-2(Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ