7🌼

1.4K 56 0
                                    

သစ္စာရှင်ချစ်ဇနီး
Season-2

အပိုင်း-(၇)

မိုးစင်စင်လင်းနေကာ မနေ့ညက ရွာထားသည့် မိုးများကြောင့် သဲသောင်တွေက ပြိုကျနေကာ လမ်းတစ်လျောက်လုံးစိုဖတ်ဖတ်နှင့်....။
မနေ့ညကတည်းက ယော အိမ်ကို ပြန်မရောက်သေးသောကြောင့် ဇနီးနှင့်သားဖြစ်သူအား စိတ်ပူနေသည်။ သူတို့နေသည့် ရဲတိုက်က အနည်းငယ် အလှမ်းဝေးပြီး ကားလမ်းက တိုးမပေါက်သောကြောင့် ဘယ်တက္ကစီ သမားမှ အိမ်တိုင်ရာရောက်ပိုမပေးတော့။ ယော ကိုယ်တိုင်ကိုက အိမ်ကို မသိစေချင်တာက တစ်ကြောင်း ကွေ့ပတ်လာနေမည်လည်း စိုးသောကြောင့် အလုပ်အိတ်ကိုသာ သယ်၍ လမ်းလျှောက်လာခဲ့လေသည်။ လူတစ်ကိုယ်လုံးလည်း. စိုဖတ်ဖတ်နှင့် ဆံသားတွေက အချောင်းလိုက်ကနေသည်။ရဲတိုက်ကိုမြင်နေရပေမဲ့ ဖုန်းအားကုန်သွားပြီမို့ ဖုန်းဆက်ခေါ်လို့လည်းမရပေ။ထို့ပြင် ခါတိုင်းဆို ရဲတိုက်တခါးပေါက်တွင် အမြဲ အစောင့်ရှိနေပေမဲ့ ထူးဆန်းစွာ ယော ရဲတိုက်ကို ရောက်သည်အထိ အစောင့်တစ်ယောက်မှ မတွေ့ရသောကြောင့် ထူးဆန်းနေလေသည်။

""ဂျောက်!""

""ကလင်""

အိမ်မတစ်ခါးအား ဆွဲဖွင့်လိုက်သည်နှင့် တရုတ်မှန်ကပ်ကြောင့် တခါး ဆွဲလည်းလေးပါ အသံမည်သွားပြီး တပ်နေကျ ခေါင်းလောင်းသေးသေး၏ အသံက သာသာယာယာ။

""ဟင့်.....အီး""

စိုကပ်နေသည့် အဝတ်တို့နှင့် သူ့ကိုယ်ပေါ် ရုတ်တရက်ခုန်တက်လာသည့် ရိုးကြောင့် နှစ်ယောက်သား လဲကျမလိုတောင် ဖြစ်နေပါသေးသည်။ အိမ်နေရင်း အဝတ်အစားနှင့်ပင် ရှုပ်ပွနေသည့် ဆံပင်တွေကြောင့် ယောစိုးရိမ်သွားရသည်။

""ဘာဖြစ်တာလဲ ရိုး.....ကိုယ့်ကိုပြော....ရိုး""

""ဟင့်....အင့်""

အင့်ကနဲနေအောက် ရှိုက်သံကြောင့် ပြာယာခတ်သွားကာ သူ့ပုခုံးပေါ် မျက်နှာအပ်နေသော ရိုးအား မော့ရန် ခွာပစ်ပေမဲ့ ခွာလို့မရ။
ချော့ကာမှ ပိုတိုးလို့ငိုလာကာ သူ့ဆီက စိုရွဲနေသည့်အဝတ်တွေက ရိုးဆီကိုပါ ကူးစက်လာသည်။

သစ္စာရှင်ချစ်ဇနီး Season-2(Completed)Tempat cerita menjadi hidup. Temukan sekarang