3🌼

2K 88 8
                                    

သစ္စာရှင်ချစ်ဇနီး
Season~2

အပိုင်း-(၃)

""ကိုးကိုး""

Digital လိပ်စာကဒ်လေးအား ကိုင်ကြည့်နေရင်း အဖုအထစ်လေးနှင့်ထွင်းထားသည့် နာမည်နှစ်လုံးအား လက်ညိုးလေးနှင့် ကုတ်ခြစ်ရင်း ရေရွတ်လိုက်သည်။ရွှေရောင်ခံထားသည့် ကဒ်ပြားလေးပေါ် Managing Director ဆိုသည့်ဂုဏ်ပုဒ်အားကြည့်နေရင်း တိုးမျက်လုံးလေးအား မှေးကြည့်နေသည်။မိန်းကလေးအဆောင်ဟုဆိုအပ်သော နှစ်ထပ်ဆောင်လေး၏ ထောင့်စွန်းအခန်းကိုမှ တိုးမရရအောင် ယူထားကာ နှစ်ယောက်ခန်းထဲ အခန်းဖော်မထားဘဲ အဆောင်ပိုင်ရှင်အား စျေးနှစ်ဆပေးထါးသည်။ ပြတင်းပေါက်နှင့်ကပ်လျက်ထားထားသော စတုရန်းပုံစားပွဲပေါ် လက်မှီတင်ရင်းမှ နေရောင်ခြည်ထိုးနေသည့် အလင်းတန်းထဲသို့ ရွှေရောင်ကဒ်လေးအား ခဏခဏပင့်မြောက်နေသည်။ သူမကျောပေးထါးသည့် ကြမ်းခင်းပြင်မှာတော့ အဝတ်အစားများနှင့်မုန့်ထုပ်အခွံတေက အိုလံပစ်ပွဲလို ရှုပ်ပွလျက်ရှိသည်။

""လူကြီးဆီကို တိုးမရရအောင်လာမယ် လူကြီးက တိုးအပိုင်ပဲ မွ""

ရွှေရောင်လုပ်ငန်းကဒ်လေးအား ဆေးဆိုးထားသည့် နှုတ်ခမ်းနှင့်ဖိကပ်နမ်းလိုက်သည်။ စားပွဲပေါ်တွင် ဂီတာတစ်လက်လည်းရှိနေကာ ရှုပ်ပွနေသည့်သူမအခန်းကတော့ အမြဲ ပစ်စလက်ခတ်၊ တစ်ကိုယ်လုံးရှိုး စမိုးနှင့် ပြင်သွားသော်လည်း မိန်းကလေးဖြစ်ပြီး စည်းကမ်းမရှိသည့်အချက်က တော့သင်ပေးလဲသေရာပါပျောက်မည်မထင်။

""ဟဲ့ဟိုမှာလာနေပြီ တိုးတိုးနေ""

""ဟ သူမကြားပါဘူးအေ""

""ကြားကြားမကြားကြား ပါးစပ်ပိတ်တော့""

သူမအောက်ထပ်လှေကားသို့ဆင်းလာကတည်းက ခေါင်းချင်းဆိုင်၍ မိန်းကလေးနှစ်ဦးတိုးတိုးနှင့် စကားပြောနေကြသည်။ တိုးသတိထားမိသလောက် သူတို့နှစ်ဦးက အဆောင်တွင်ပါလေရာ ငပွကြီးဖြစ်နေကာ သတင်းဖွရာတွင်လည်း မီဒီယာရှုံးလောက်သည့်စံနှုန်းတေပိုင်ဆိုင်ထားသည်။ သေချာသည်ကတော့ တိုးအကြောင်းအတင်းပြောနေတာဖြစ်ပေလိမ်မည်၊ ထို့ကြောင့်လည်း တိုးလာကတည်းက မျက်နှာပြောင်းနေကြတာ.....။ ကိစ္စမရှိ....တိုးအကြောင်းဘယ်လောက်ပြောပြော I don't careပဲ။

သစ္စာရှင်ချစ်ဇနီး Season-2(Completed)Tempat cerita menjadi hidup. Temukan sekarang