1🌼

8.4K 137 0
                                    

သစ္စာရှင်ချစ်ဇနီး Season~2

Oups ! Cette image n'est pas conforme à nos directives de contenu. Afin de continuer la publication, veuillez la retirer ou mettre en ligne une autre image.

သစ္စာရှင်ချစ်ဇနီး
Season~2

အပိုင်း-(၁)

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်>>>

လတ်ဆတ်တဲ့ပင်လယ်လေညင်းများက သဲသောင်ကမ်းခြေလေးမှာ တိုက်ခတ်နေရင်းမှ နေရောင်မှိန်မှိန်လေးက အခန်းအတွင်းသို့ထိုးဖောက်တိရောက်လာသည်ဆိုလျှင်ပဲ မှေးမှိတ်ထားတဲ့ ယောမျက်လုံးတေက တင်းခနဲ ဖိကပ်ပြီးမှ ပွင့်လာလေသည်။ တစ်ချက်နှစ်ချက်လောက်မျက်တောင်တေပုတ်ခတ်နေရင်းမှ လက်မောင်းသားကနာကျင်မှုကြောင့် လည်ပင်းလိမ်ကြည့်မိတော့ သူ့လက်မောင်းပေါ်ခေါင်းအုံးအိပ်နေသည့် ရိုး။ ပုစွန်ကွေးလေးလို ခွေအိပ်နေကာ လက်တေကလည်း သူ့လက်မောင်းအားကလေးတစ်ယောက်လို ဆုပ်ကိုင်ထားလေသည်။ ဘေးတစ်စောင်းအနေအထားမှ မျက်ခွံမို့မို့လေးအား ငေးစိုက်ကြည့်နေမိသည်။ ရှည်ကော့နေသည့် မျက်တောင်ဖျားလေးများနှင့် အတော်တန်စိုပြေလာတဲ့မျက်နှာလေး။ သူ့နားရောက်လာတော့ ပြည့်ပြည့်လေးဖြစ်လာကာ ပါးပြင်နားကပ်နေသည်​့ ဆံနွယ်တေအား နားနောက်သို့ ပို့ပေးလေသည်။ နိုးနေရင်းနဲ့မှ သူ့လက်မောင်းပေါ်က ဇနီးသည်ကြောင့် အအိပ်မပျက်စေရန် မထတော့ဘဲ ဇိမ်ပြေလက်ပြေငေးကြည့်နေသည်။ ကြားထဲ အူယားယားလွန်းလို့ သူမနှုတ်ခမ်းလေးအား ခဏခဏဖိကပ်နမ်းရှိုက်နေသေးသည်။

""အင့်........""

အင့်ခနဲအသံထွက်ပြီးမှ ဗလာကျင်းနေသော သူ့ရင်ခွင်ထဲသို့ ပိုမိုတိုးဝင်လာသည်။ အဖုအထစ်များနှင့် သူမမျက်နှာလေးက ထိကပ်နေပြီး ထွက်သက်ဝင်သက်က သူ့ရင်ခွင်သို့ပူလိုက်နွေးလိုက်နှင့် ။ ဦးခေါင်းလေးအား အနမ်းသေချာပေးပြီးမှ လက်နှစ်ဖက်နှင့်ကျစ်နေအောင်ဖက်ထားကာ နောက်တစ်ကြိမ်ပြန်အိပ်ဖို့ပြင်သည်။ နေစူးနေအောင် အခန်းပေမဲ့ သားလေးလည်းမရှိသောကြောင့်ပိုမိုလွတ်လပ်နေကာ လွတ်ထွက်မသွားအောင် ပိုတိုးလို့ဖက်ထားသည်။

သစ္စာရှင်ချစ်ဇနီး Season-2(Completed)Où les histoires vivent. Découvrez maintenant